မသန်စွမ်း ရေကူးချန်ပီယံ အောင်ငြိမ်းဦး .. မိခင် နဲ့ ပြန်ဆုံခွင့် ရသွားပြီ
နိုင်ငံတကာ မသန်စွမ်းရေကူးပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်၊ မသန်စွမ်း အားကစားသမား၊ ရေကူးချန်ပီယံ အောင်ငြိမ်းဦး ဟာ နှစ်(၃၀)ခန့်ကွဲကွာနေတဲ့ မိခင်ဖြစ်သူနဲ့ ဒီကနေ့၊ ဇူလိုင်လ (၂၅) ရက်နေ့မှာ ပြန်လည်ဆုံစည်းခွင့်ရသွားပါပြီ။ မိခင်ဖြစ်သူ ဒေါ်ချို ဟာ ယခုလက်ရှိအချိန်တွင် ရန်ကုန်၊ မှော်ဘီမှာ သမီးတစ်ယောက်နဲ့ အတူနေထိုင်နေပါတယ်။
အောင်ငြိမ်းဦး က အမေ နဲ့ ပြန်တွေ့ရင် အတူနေရန် ရည်ရွယ်ထားတဲ့ နေပြည်တော်က ခြံမှာ အမေနဲ့ အတူတူ နေနိုင်ဖို့ စိတ်အား ထက်သန်နေတယ် လို့ သိရပါတယ်။
အမေ ကို ရှာဖို့ စုဆောင်းထားတဲ့ ငွေကြေး တစ်ချို့ကိုလည်း မိခင် ဒေါ်ချို အား ထောက်ပံ့ ကန်တော့ခဲ့ပါတယ်။
ပရိတ်သတ်ကြီးအတွက် မိခင်ဖြစ်သူနဲ့ ပြန်တွေ့လို့ ပျော်ရွှင်နေတဲ့ အောင်ငြိမ်းဦးရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
Source MC
လေးစားမှုဖြင့် ခရက်ဒစ်