ခ်စ္စရာေကာင္းတဲ့ မြန္မေလး ေဝလာရီကေတာ့ အဆိုဘက္မွာေရာ၊ သရုပ္ေဆာင္ဘက္မွာပါ ထူးခြ်န္သူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေဝလာရီက အစ္မျဖစ္သူ အဆိုေတာ္ လိေမၼာ္သီးနဲ့အတူတူ သီခ်င္းေတြသီဆုိသလို သူမရဲ့ တစ္ကိုယ္ေတာ္ သီခ်င္းေတြကိုလည္း ပရိသတ္ေတြဆီ မၾကာခဏခ်ျပတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ နာမည္ၾကီး ဇာတ္လမ္းတြဲေတြမွာလည္း ပါဝင္သရုပ္ေဆာင္ထားတဲ့ ေဝလာရီက လတ္တေလာ ထုတ္လႊင့္ျပသေနတဲ့ “မမွီဝဲနဲ့ကင္းေအာင္ေန” ဇာတ္လမ္းတြဲမွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ သရုပ္ေဆာင္ခဲ့ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွေနတာပဲ ျဖစ္ပါတယ္။ မေန့က ဇန္နဝါရီလ (၁၁) ရက္ေန့မွာေတာ့ “မမွီဝဲနဲ့ကင္းေအာင္ေန” ဇာတ္လမ္းတြဲက ဇာတ္သိမ္းသြားခဲ့ျပီျဖစ္ျပီး ေဝလာရီကလည္း ေက်းဇူတင္ထိုက္သူအားလံုးကို အခုလိုပဲ ေက်းဇူးတင္စကား ဆိုလာပါတယ္။
ေဝလာရီက ““မမွီဝဲနဲ႔ ကင္းေအာင္ေန” ဇာတ္သိမ္းပိုင္းေလး အဆင္ေျပရဲ႕လား ခ်စ္ပရိသတ္ႀကီးရွင့္ …🌟ေဝလာ့ကို ယုံယုံၾကည္ၾကည္နဲ႔ ဒီလို main character တစ္ခုကို ဖန္တီးဖို႔ အခြင့္အေရး ေပးပါေသာ ခ်စ္ရတဲ့ ေဝလာ့ရဲ႕ ဒုတိယ မိသားစု Forever Groupဒီဇာတ္လမ္းတြဲေလးမွာ ယုံယုံၾကည္ၾကည္ နဲ႔ ေဆာင္း character ကို ပုံေဖာ္ခြင့္ေပးခဲ့တဲ့ ဆရာ ဦးသီနဲ႔ Myanmar Magic Media Production ဇာတ္ စ လယ္ ဆုံး တစ္ခန္းမွ မက်န္ေလေအာင္ သြန္သင္ဆုံးမ သင္ျပၿပီး ေျမေတာင္ေျမာက္ေပးတဲ့ သမီးတို႔ရဲ႕ ဆရာ ဒါ႐ိုက္တာ ဆရာ ဦးဟိန္းစိုး Assistant Director ကိုသက္နဲ႔ တကြ ၊ PD , MP , Script Writer မ်ား , Cameramen အကိုမ်ား , Editors မ်ား , Lighting ဆရာမ်ား , Animation Graphic , Audio Enginner , Continuty ကိုၾကည္သာ ,”
“ေဝလာတို႔ကို လက္တြဲေခၚေပးေသာ ဝါရင့္သ႐ုပ္ေဆာင္ႀကီးမ်ား ျဖစ္ၾကတဲ့ ဦးဦး ေနမ်ိဳးေအာင္ ၊ ဦးဦး ထူးခန္႔ေက်ာ္ ၊ ဦးဦး ညီညီမင္းထက္ ၊ ဦးဦး မင္းသူ ၊ ဦးဦး ေဝလု ၊ တီတီ ေအးသီတာ ၊ တီတီမိုခမ္း တူတူတြဲသ႐ုပ္ေဆာင္စဥ္ ကာလတစ္ေလွ်ာက္လုံး ကိုယ့္ညီမေလးလို ခ်စ္ခင္ ေပးၾကတဲ့ စီနီယာ အကို ကိုသာထက္ နဲ႔ ကိုေကာင္းစစ္ေသြး ၊ အႏုပညာ ခ်စ္သူငယ္ခ်င္းအကို အမမ်ား
ဝလာတို႔ ခ်စ္ရတဲ့ Leader မမ ေမသူစိုး နဲ႔ ခ်စ္ရတဲ့ TC မမအိဟန္ ၊ Make Up မေဇ နဲ႔ ကြီး ၊ ဂိုလာ ၊ Stylist မမတင္ နဲ႔ ထူးထူး။ ေက်းဇူးတင္ထိုက္သူ အားလုံးကို ေက်းဇူးအထူးတင္ပါတယ္ ဇာတ္လမ္းတြဲ ကာလတစ္ေလွ်ာက္ တစ္ပိုင္းမွ မလြတ္ရေလေအာင္ Theme Song ပါမက်န္ အားေပးၾကတဲ့ ေက်းဇူးရွင္ ခ်စ္ ပရိသတ္မ်ားကို ေက်းဇူး အထူး အထူး တင္ရွိပါတယ္ … ေဆာင္းဆိုတဲ့ character ေလးကို ပရိသတ္ ရင္ထဲ အၿမဲသတိရေနေပးပါေနာ္” ဆိုျပီး ေက်းဇူးတင္စကားဆိုလာပါတယ္။
ေဝလာရီကေတာ့ ေဆာင္းဆိုတဲ့ ကာရိုက္တာေလးနဲ့ ပရိသတ္ေတြေပးတဲ့ အမွတ္ေတြကို အမ်ားအျပားရရိွခဲ့ျပီျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း “မမွီဝဲနဲ့ကင္းေအာင္ေန” ဇာတ္လမ္းတြဲေလးနဲ့တကြ ေဆာင္းဆိုတဲ့ ကာရိုက္တာေလးကို ေမ့မသြားဖို့ေတာင္းဆိုပါရေစေနာ္။ ဖတ္ရႈေပးတဲ့ s ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Source: Wai Lar Ri ‘s fb
unicode
ချစ်စရာကောင်းတဲ့ မွန်မလေး ဝေလာရီကတော့ အဆိုဘက်မှာရော၊ သရုပ်ဆောင်ဘက်မှာပါ ထူးချွန်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝေလာရီက အစ်မဖြစ်သူ အဆိုတော် လိမ္မော်သီးနဲ့အတူတူ သီချင်းတွေသီဆိုသလို သူမရဲ့ တစ်ကိုယ်တော် သီချင်းတွေကိုလည်း ပရိသတ်တွေဆီ မကြာခဏချပြတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီး ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဝေလာရီက လတ်တလော ထုတ်လွှင့်ပြသနေတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၁၁) ရက်နေ့မှာတော့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲက ဇာတ်သိမ်းသွားခဲ့ပြီဖြစ်ပြီး ဝေလာရီကလည်း ကျေးဇူတင်ထိုက်သူအားလုံးကို အခုလိုပဲ ကျေးဇူးတင်စကား ဆိုလာပါတယ်။
ဝေလာရီက ““မမှီဝဲနဲ့ ကင်းအောင်နေ” ဇာတ်သိမ်းပိုင်းလေး အဆင်ပြေရဲ့လား ချစ်ပရိသတ်ကြီးရှင့် …🌟ဝေလာ့ကို ယုံယုံကြည်ကြည်နဲ့ ဒီလို main character တစ်ခုကို ဖန်တီးဖို့ အခွင့်အရေး ပေးပါသော ချစ်ရတဲ့ ဝေလာ့ရဲ့ ဒုတိယ မိသားစု Forever Groupဒီဇာတ်လမ်းတွဲလေးမှာ ယုံယုံကြည်ကြည် နဲ့ ဆောင်း character ကို ပုံဖော်ခွင့်ပေးခဲ့တဲ့ ဆရာ ဦးသီနဲ့ Myanmar Magic Media Production ဇာတ် စ လယ် ဆုံး တစ်ခန်းမှ မကျန်လေအောင် သွန်သင်ဆုံးမ သင်ပြပြီး မြေတောင်မြောက်ပေးတဲ့ သမီးတို့ရဲ့ ဆရာ ဒါရိုက်တာ ဆရာ ဦးဟိန်းစိုး Assistant Director ကိုသက်နဲ့ တကွ ၊ PD , MP , Script Writer များ , Cameramen အကိုများ , Editors များ , Lighting ဆရာများ , Animation Graphic , Audio Enginner , Continuty ကိုကြည်သာ ,”
“ဝေလာတို့ကို လက်တွဲခေါ်ပေးသော ဝါရင့်သရုပ်ဆောင်ကြီးများ ဖြစ်ကြတဲ့ ဦးဦး နေမျိုးအောင် ၊ ဦးဦး ထူးခန့်ကျော် ၊ ဦးဦး ညီညီမင်းထက် ၊ ဦးဦး မင်းသူ ၊ ဦးဦး ဝေလု ၊ တီတီ အေးသီတာ ၊ တီတီမိုခမ်း တူတူတွဲသရုပ်ဆောင်စဉ် ကာလတစ်လျှောက်လုံး ကိုယ့်ညီမလေးလို ချစ်ခင် ပေးကြတဲ့ စီနီယာ အကို ကိုသာထက် နဲ့ ကိုကောင်းစစ်သွေး ၊ အနုပညာ ချစ်သူငယ်ချင်းအကို အမများ
ဝလာတို့ ချစ်ရတဲ့ Leader မမ မေသူစိုး နဲ့ ချစ်ရတဲ့ TC မမအိဟန် ၊ Make Up မဇေ နဲ့ ကွီး ၊ ဂိုလာ ၊ Stylist မမတင် နဲ့ ထူးထူး။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ဇာတ်လမ်းတွဲ ကာလတစ်လျှောက် တစ်ပိုင်းမှ မလွတ်ရလေအောင် Theme Song ပါမကျန် အားပေးကြတဲ့ ကျေးဇူးရှင် ချစ် ပရိသတ်များကို ကျေးဇူး အထူး အထူး တင်ရှိပါတယ် … ဆောင်းဆိုတဲ့ character လေးကို ပရိသတ် ရင်ထဲ အမြဲသတိရနေပေးပါနော်” ဆိုပြီး ကျေးဇူးတင်စကားဆိုလာပါတယ်။
ဝေလာရီကတော့ ဆောင်းဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေပေးတဲ့ အမှတ်တွေကို အများအပြားရရှိခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲလေးနဲ့တကွ ဆောင်းဆိုတဲ့ ကာရိုက်တာလေးကို မေ့မသွားဖို့တောင်းဆိုပါရစေနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Wai Lar Ri ‘s fb