”မန္တလေးမှာ မာလာရှမ်းကောရောင်းရင် သက်ကြီးရွယ်အို(၁၀)ယောက်ကို သွားရောက်လှူဒါန်းခဲ့တဲ့ နန်းခင်ဇေယျာ”

Posted on

ပရိသတ်ကြီးရေ Miss အလှမယ် မင်းသမီး နန်းခင်ဇေယျာကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရမလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်..။ နန်းခင်ဇေယျာကတော့ ရှုတင်နဲ့ အနုပညာအလုပ်လေးတွေ နားနေတဲ့အချိန်လေးမှာ ကိုယ်တိုင် လုပ်တဲ့ မာလာရှမ်းကော ကို အွန်လိုင်းကနေ ရောင်းချတဲ့ အသေးစားစီးပွားရေးကို လုပ်ဆောင်နေခဲ့တာပဲဖြစ်ပါတယ်..။ လတ်တလောမှာတော့ မန္တလေးက Customer တွေအတွက် သွားရောက် ရောင်းချရင် ကုသိုလ်အလှူပြုလုပ်ခဲ့ပုံလေးကို နန်းခင်က ဒီနေု့သဂုတ်လ (၆)ရက်နေ့မှာ ”နန်းခင်မာလာရှမ်းကော (Nang-Just A Taste ) မှ မန္တလေးမှာ သွားရောက်ရောင်းချခဲ့တဲ့ အကျိုးအမြတ် ကို မန္တလေးမှ သက်ကြီးရွယ်အို အဘိုးအဘွား (၁၀) ယောက်တို့အား သွားရောက်လှူဒါန်းခဲ့ပါသည်။

အလှူအတွက် ပါဝင်ကူညီပေးကြတဲ့ တွတ်ပီ ဆိုင်ခွဲ (၅) မှ ကိုကျော်လေးလေး , တကယ်လိုအပ်နေတဲ့ အဘိုးအဘွားတွေရဲ့ စာရင်းအားရှာဖွေပေးသော မနောကြာဖြူ ပရဟိတအသင်းတို့အား ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ အခုနန်းခင်လှူဒါန်းခဲ့တဲ့ အလှူကလည်း လာရောက်အားပေးကြတဲ့ Customers တစ်ယောက်ချင်းစီရဲ့ အလှူဖြစ်တာမို့ အားလုံးလည်း ကောင်းမှုကုသိုလ်များ ရကြပါစေရှင့်။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်တင်လာခဲ့ပါတယ်..။

နန်းခင်လေးကတော့ ရောင်းလို့ရရှိတဲ့ အကျိုးအမြတ်လေးကို လှူဒါန်းခဲ့တာမို့ ဝယ်သူCustomer တွေလည်း ကုသိုလ်ရ ဝမ်းလည်း ဝခဲ့တယ်လို့ ဆိုရင်မှားမယ် မထင်ပါဘူးနော်..။ ပရိသတ်ကြီးလည်း နန်းခင်ဇေယျာရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုသွားပါဦးနော်..။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာ တဲ့နေ့လေယတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။

Source : Nang Khin Zay Yar’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.