“မနက်စောစောလေးမှာ သမီးငယ်ကိုကိုးလေးတစ်ယောက် သူမရဲ့ ခြေထောက်တွေကို နှိပ်နယ်ပေးနေတာကြောင့် ပျော်ရွှင်ပီတိဖြစ်နေတဲ့ ချောရတနာရဲ့ ဗီဒီယိုဖိုင်”

Posted on

ပရိသတ်ကြီးရေ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ ချောရတနာကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ချောရတနာကတော့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “ဥ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိထားသူဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူပဲဖြစ်ပါတယ်နော်.။

အိမ်ထောင်ကျပြီးနောက်မှာ ဝါသနာပါတဲ့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာခဲ့ပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ ချစ်ခင်အားပေးနေဆဲပဲဖြစ်ပါတယ်နော်.။ ချောရတနာကတော့ ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.။ သမီးငယ် ကိုကိုးလေးကြောင့် ချောရတနာတစ်ယောက်ကတော့ ပျော်လိုက် မောလိုက် ရယ်လိုက်ဖြစ်ရတဲ့ အဖြစ်အပျက်ဗီဒီယိုဖိုင်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပြီး ဒီနေ့ စက်တင်ဘာလ (၁၆)ရက်နေ့မှာလည်း သမီးငယ်လေးရဲ့ မနက်စောစော သိတတ်တဲ့ အပြုအမူလေးတစ်ခုကို ရိုက်ထားတဲ့ ဗီဒီယိုလေးကို သူမရဲ့ Myday မှာ တင်လာခဲ့ပါတယ်.။

မနက်နိုးနိုးချင်းလေးမှာပဲ မိခင်ဖြစ်သူ ချောရတနာရဲ့ ခြေထောက်လေးကို နှိပ်နယ်ပေးကာ သိတတ်လိမ္မာနေသူ ကိုကိုးလေးကတော့ မနက်စောစောမှာပဲ အမေ့ရဲ့ ချစ်ခြင်းတွေကို အပိုင်သိမ်းနေပုံပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း ချောရတနာသမီးလေးရဲ့ လိမ္မာသိတတ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Chaw Yadanar’s My Day’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.