မထင်မှတ်ထားပဲ မုန့်ဟင်းခါးဆိုင်ဖွင့်ပေးတဲ့ ခိုင်နှင်းဝေကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ရဲလေးမ

Posted on

ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်ရဲလေးမဟာ သူ့ရဲ့ ဝင်ငွေနဲ့ မိသားစု တစ်စုလုံးကို လုပ်ကိုင်ကျွေး မွေးနေသူ တစ်ဦးပါ။ မိသားစု (၈) ယောက်ကို သူ့ရဲ့ ဝင်ငွေလေးနဲ့ ကြည့်ရှုနေရပေမယ့်လည်း ဒါတွေကို အပူကြီးတစ်ခုလို မသတ်မှတ်ဘူးလို့ အင်တာဗျူးတွေမှာ ပြောပြခဲ့ဖူးပါတယ်။

ဒီနေ့မှာတော့ ရဲလေးမဟာ မထင်မှတ်ထားတဲ့ surprise ကြီးလုပ်ခံလိုက်ရတာပဲဖြစ်ပါတယ်။ ရဲလေးမကတော့ ပရိဟိတမင်းသမီးလေး ခိုင်နှင်းဝေရဲ့ မုန့်ဟင်းခါးဆိုင်အသစ်လေးဖွင့်ပေလိုက်လို့ အရမ်းကိုပျော်နေပါတယ်။ ရဲလေးမက “အကိုလုံးဝမထင်ထားဘူး။ အလှူလာလုပ်မယ်လို့ပဲ ထင်ထားခဲ့တာလေ။ လမ်းထိပ်မှာ ဆိုင်လေးဖွင့်ချင်ခဲ့တာ ကြာပြီ။ အရင်းအနှီးကလည်း မရှိဘူးလေ။ အကိုတို့ မိသားစုမှာလည်း အကို အကိုက လတ်တလောကျန်းမာရေးမကောင်းဘူး။ ဆီးချိုကြောင့် ခြေထောက်ဖြတ်ရမယ်လေ။ ဆေးရုံတင်ထားရတော့ အကိုစိတ်ကူးလေးတွေလည်း အကောင်အထည်မဖော်နိုင်သေးဘူး ဖြစ်နေတာ။ အခုလို အမက surprise လုပ်ပေးတာ လုံးဝကို မထင်ထားဘူး။ မျှော်လည်းမမျှော်လင့်ထားဘူးလေ။ အခုလို လုပ်ပေးတဲ့အတွက် အရမ်းကို ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရတယ်”လို့ ရဲလေးမက ပြောပြခဲ့ပါတယ်။

ရဲလေးမကတော့ မုန့်ဟင်းခါဆိုင်အသစ်လေးနဲ့ surprise လုပ်ခံရလို့ ဝမ်းသားမျက်ရည်တွေကျခဲ့ရပါတယ်။ ပရိသတ်ကြီးအတွက် ရဲလေးမနဲ့ ခိုင်နှင်းဝေတို့ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ သဘောကျရင် Share ပေးကြပါဦးနော်။

Video ကြည့်ရန်

Video Source : Cele Yatkwat
Credit

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.