မတ်မတ်သင်ဇာနဲ့အတူ ရိုက်ကူးထားတဲ့ အမိုက်စားပုံရိပ်တစ်ချို့ကို ချပြလိုက်တဲ့ ပိုင်​တံခွန်

ယောက်ျားပီသတဲ့ မျက်နှာကျနဲ့ တောင့်တင်း သန်မာတဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ ​မော်​ဒယ်​မင်းသား​ချော​လေး ပိုင်တံခွန်ကတော့ ​နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်​အား ​ပေးခြင်းကို ခံထားရတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုင်တံခွန်​က ပုရိသတို့ရဲ့နှလုံးသားလေး သင်ဇာဝင့်ကျော်နဲ့အတူ ရိုက်ကူးထားတဲ့ အလန်းစား ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ ​တွေ့ရပါတယ်​။ ပိုင်တံခွန်နဲ့ မတ်မတ်သင်ဇာ နှစ်ယောက်လုံးကလည်း ပရိသတ်အသည်းကျော်တွေမို့ အရမ်းကိုကြည့်ကောင်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကိုကြည့်လို့မိုက်တဲ့ မင်းသားချောလေး ပိုင်တံခွန်နဲ့ အလန်းစားမိန်းမပျိုလေး သင်ဇာဝင့်ကျော်တို့ရဲ့ အမိုက်စားပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ “there is beauty in simplicity” ဆိုပြီး သင်ဇာဝင့်ကျော်နဲ့ အတူ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ သင်ဇာနဲ့ ပိုင်တံခွန်တို့နှစ်ဦးကတော့ တလောကလည်း Canal + ရဲ့Fan Meeting ပွဲတွေအတွက် ခရီးတွေအတူထွက်ခဲ့ကြပါသေးတယ်နော်။

ပိုင်တံခွန်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်အချစ်ေ​​တာ် မတ်မတ်သင်ဇာကလည်း လက်ရှိမှာ Single တစ်ဦးအနေနဲ့ ပရိသတ်တွေကိုပဲ အပြည့်အဝအာရုံစိုက်ဖြစ်နေတာပါ။

သင်ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်တို့နှစ်ဦးကတော့ တလောကလဲ “သူ ဘယ်သူလဲ” ဇာတ်ကားကို အတူတွဲပြီး ရိုက်ကူးထားပါသေးတယ်။ချစ်ပရိသတ်တွေလည်း အရမ်းကို လိုက်ဖက်ညီပြီး ကြည့်ကောင်းလွန်းနေတဲ့ ပိုင်​တံခွန်​နဲ့ သင်ဇာလေးတို့ရဲ့ ပုံရိပ်တွေကိုသ​​ဘောကျရင်​ အချင်းချင်း ​ဝေမျှသွားကြပါဦး​နော်​။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.