မတရားဖမ္းဆီးခံရျပီးေနာက္ ျပန္လည္လြတ္ေျမာက္လာျပီျဖစ္တဲ႔ ျဖိဳးျပည္႔စံု နဲ႔ပါတ္သတ္ျပီးေျပာလာခဲ႔တဲ႔ ေ၀ၾကီး

တစ္ႏိုင္ငံလံုးက ပရိသတ္ေတြနဲ႔ အႏုပညာ႐ွင္ေတြ စိုးရိမ္တႀကီးျဖစ္ေနၾကတဲ့ အဆိုေတာ္ ၿဖိဳးျပည့္စံုရဲ႕ အမႈကိစၥကေတာ့ ၿပီးဆံုးသြားၿပီပဲ ျဖစ္ပါတယ္။ အဆိုေတာ္ ၿဖိဳးျပည့္စံုက မူးယစ္ေဆးဝါးသံုးစြဲကိုင္ေဆာင္ထားတယ္ဆိုတဲ့ သတင္းေပးခ်က္အရ မူးယစ္ေဆးဝါးတိုက္ဖ်က္ႏိွမ္ႏွင္းေရးအဖြဲ႔က ဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး ဒီကေန႔ ေအာက္တိုဘာလ (၉) ရက္ေန႔မွာေတာ့ ျပန္လည္လြတ္ေျမာက္လာၿပီ ျဖစ္ပါတယ္။

ၿဖိဳးျပည့္စံု၊ ေရာ္နီဆန္းလြင္နဲ႔ ၿငိမ္းခ်မ္းကိုတို႔ သံုးဦးဟာ ကတ္တမင္းေဆးျပား(၁၀) ျပား လက္ဝယ္ေတြ႔ရိွမႈနဲ႔ မွားယြင္းဖမ္းဆီးခံခဲ့ရၿပီး ဒီကေန႔ ေန႔လည္ပိုင္းမွာ ျပန္လည္လြတ္ေျမာက္လာတာ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ ၿဖိဳးျပည့္စံုရဲ႕ အရင္းႏွီးဆံုး သူငယ္ခ်င္းျဖစ္တဲ့ ေတးေရးဆရာ ေဝႀကီးက ၿဖိဳးျပည့္စံုရဲ႕ လက္ရိွပံုေလးကိုတင္ရင္း “ေတြ႔တယ္​​ေနာ္​….​သၾကားလံုးပါဆို….” ၿပီး ပရိသတ္ေတြ စိတ္မပူေအာင္ ေျပာထားပါတယ္။

ၿဖိဳးျပည့္စံုက ပညာတတ္ဆရာဝန္တစ္ဦးျဖစ္ၿပီး အေနအထိုင္ေအးလြန္းတာေၾကာင့္ ပရိသတ္ေတြေရာ၊ အႏုပညာ အသိုင္းအဝိုင္းက ထိုသတင္းမွားအေပၚ မယံုၾကည္ႏိုင္ျဖစ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ၿဖိဳးျပည့္စံုလို ဘုရား၊ တရားသမားအတြက္ တရားကို နတ္ေစာင့္တာ အရမ္းကို ဝမ္းသာစရာပါပဲ။ ၿဖိဳးျပည့္စံုလည္း ေ႐ွ႕ဆက္ေလ်ွာက္မယ့္ အႏုပညာလမ္းခရီးမွာ ခလုတ္ကသင္း အတားအဆီးေတြမရိွပဲ ေအာင္ျမင္မႈေတြ အဓြန္႔႐ွည္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wai Gyi’s fb
ခရက္ဒစ္ momolay

Unicode

တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့ အနုပညာရှင်တွေ စိုးရိမ်တကြီးဖြစ်နေကြတဲ့ အဆိုတော် ဖြိုးပြည့်စုံရဲ့ အမှုကိစ္စကတော့ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံက မူးယစ်ဆေးဝါးသုံးစွဲကိုင်ဆောင်ထားတယ်ဆိုတဲ့ သတင်းပေးချက်အရ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးအဖွဲ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာလ (၉) ရက်နေ့မှာတော့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

ဖြိုးပြည့်စုံ၊ ရော်နီဆန်းလွင်နဲ့ ငြိမ်းချမ်းကိုတို့ သုံးဦးဟာ ကတ်တမင်းဆေးပြား(၁၀) ပြား လက်ဝယ်တွေ့ရှိမှုနဲ့ မှားယွင်းဖမ်းဆီးခံခဲ့ရပြီး ဒီကနေ့ နေ့လည်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဖြိုးပြည့်စုံရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ တေးရေးဆရာ ဝေကြီးက ဖြိုးပြည့်စုံရဲ့ လက်ရှိပုံလေးကိုတင်ရင်း “တွေ့တယ်နော်….သကြားလုံးပါဆို….” ပြီး ပရိသတ်တွေ စိတ်မပူအောင် ပြောထားပါတယ်။

ဖြိုးပြည့်စုံက ပညာတတ်ဆရာဝန်တစ်ဦးဖြစ်ပြီး အနေအထိုင်အေးလွန်းတာကြောင့် ပရိသတ်တွေရော၊ အနုပညာ အသိုင်းအဝိုင်းက ထိုသတင်းမှားအပေါ် မယုံကြည်နိုင်ဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဖြိုးပြည့်စုံလို ဘုရား၊ တရားသမားအတွက် တရားကို နတ်စောင့်တာ အရမ်းကို ဝမ်းသာစရာပါပဲ။ ဖြိုးပြည့်စုံလည်း ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းခရီးမှာ ခလုတ်ကသင်း အတားအဆီးတွေမရှိပဲ အောင်မြင်မှုတွေ အဓွန့်ရှည်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wai Gyi’s fb
ခရက်ဒစ် momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.