မဆုံတာကြာပြီဖြစ်တဲ့ ထက်ထက်မိုးဦး၊ နေတိုးတို့နဲ့ ဓါတ်ပုံရို က်ကွင်းပေါ်က အမှတ် တရတွေကို ဗီဒီယိုလေးနဲ့ တကွချပြလာတဲ့ မြင့်မြတ်

Posted on




Source: Myint Myat’s fb

Unicode

နိုင်ငံကျော် မင်းသားတစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ကတော့ သရုပ်ဆောင်ကောင်းသလို ကျရာဇာတ်ရုပ်အပေါ် တာဝန်ယူမှုအပြည့်နဲ့ သရုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေကြားမှာသာမက အနုပညာအသိုင်းအဝိုင်းမှာပါ နာမည်ကောင်းနဲ့ ကျော်ကြားတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က အကယ်ဒမီဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားသလို အိမ်ထောင်ရေးမှာလည်း အရာရာကို နားလည်ဖြည့်စည်းပေးတဲ့ ဇနီးနဲ့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာကြောင့် လိုအပ်ချက်ဆိုတာ ရှာမတွေ့လောက်အောင်ကို ပြီးပြည့်စုံသူတစ်ယောက်ပါပဲ။

နာမည်ကြီး မင်းသားတစ်လက်ဖြစ်သလို ကိုဗစ်ကာလမှာလည်း အနုပညာလှုပ်ရှားမှုတွေ နည်းနည်းချင်းစီ လုပ်ကိုင်နေတဲ့ မြင့်မြတ်ကတော့ လူအနည်းစုနဲ့ ရိုက်ကူးရတဲ့ ကြော်ငြာလေးတွေကို ရိုက်ကူးရတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မြင့်မြတ်က မဆုံတာကြာပြီဖြစ်တဲ့ အနုပညာညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ ထက်ထက်မိုးဦး၊ နေတိုးတို့နဲ့ ဓါတ်ပုံရိုက်ကွင်းပေါ်က အမှတ်တရတွေကို အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ ချပြလာပါတယ်။

မြင့်မြတ်ကတော့ မဆုံတာကြာပြီဖြစ်တဲ့ အနုပညာအစ်ကိုအစ်မများနဲ့ ဆုံဖြစ်ခဲ့တဲ့ အမှတ်တရလေးကို ချပြလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရလေးကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Myint Myat’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.