“မင်းသားကြီးကျော်ဟိန်း ကွယ်လွန်တဲ့သတင်းကြောင့် တွေ့ဖူးချင်ခဲ့ပေမယ့် မတွေ့ဖြစ်တော့လို့ စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ကျော်ထက်ဇော်”

Posted on

ကျော်ထက်ဇော်ဟာဆိုရင် ရုပ်သံဇာတ်လမ်းတွဲတွေကနေ အောင်မြင်လာတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ကျော်ထက်ဇော်ရဲ့ ဇာတ်လမ်းတွဲတွေဟာဆိုရင် “အမုန်းမှသည်၊ အချစ်ဖွဲ့လေညင်း…အစရှိတဲ့ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ နေရာတစ်နေရာစာအဖြစ်ရရှိလာတဲ့မင်းသားတစ်လက်ပါပဲနော်။ လတ်တလောမှာဆိုရင် ကြော်ငြာလေးတွေနဲ့ MTVတွေမှာ ပါဝင်သရုပ်ဆောင်နေရတာတွေကို   တွေ့ရမှာပဲဖြစ်ပါတယ်။

ကျော်ထက်ဇော်ကတော့ ပရိသတ်တွေနဲ့အဆက်မပြတ်သွားအောင် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဦးကိတ္တိသာရ(မင်းသားကြီး ကျော်ဟိန်း)ပျံလွန်တော်မူသွားတာနဲ့ပတ်သက်ပြီး ကျော်ထက်ဇော်က” ကိုယ့်ဆရာသမားတွေ နှုတ်ဖျားမှာ ဦးကျော်က ဘယ်လိုသင်ကြားပေးခဲ့တာဆိုတဲ့ စကားတွေကြောင့် ခနတဖြုတ်လေးတောင် တွေ့ဖူးချင်ခဲ့တာ ကောင်းရာသုဂတိလားပါစေ ဆရာတော်”လို့ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ကျော်ထက်ဇော်က မင်းသားကြီးကျော်ဟိန်းကို တွေ့ဖူးချင်ခဲ့ပေမယ့် ကွယ်လွန်သွားတဲ့သတင်းကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့အကြောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံး သာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Soure…..Kyaw Htet Zaw’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.