မင်းသားချောလေး Ryu Sang Wook တို့နဲ့အတူ ညစာစား ရင်းလျှောက်လည်နေကြတဲ့ ရွှေကစ်တို့အဖွဲ့

ပရိသတ်ကြီးရေ.. ပြည်သူ့အသည်းကျော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ လတ်တလောမှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ဇာတ်ကားရိုက်ကူးရေးအတွက် ရောက်ရှိနေပါပြီနော်..။

မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးပူးပေါင်း ဇာတ်ကားဖြစ်တဲ့ “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရေးအတွင် ဒါရိုက်တာဇင်ရော်အောင်မောင်နဲ့ သားဖြစ်သူ လင်းသန့်မောင်မောင်တို့နဲ့အတူ ရောက်ရှိနေကြတာပဲ ဖြစ်ပါတယ်နော်..။

 

 

 

ဒါရိုက်တာဇင်ရော်မောင်မောင်နဲ့ သားဖြစ်သူလင်းသန့်မောင်မောင်တို့က ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ရောက်ရှိနေကြတာဖြစ်ပြီး ရွှေကစ်လေးကတော့ ဇွန်လ(၅)ရက်နေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ရှိခဲ့ပြီး ဒီကနေ့ ဇွန်လ (၆) ရက်နေ့ မနက်ပိုင်းမှာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်..။

 

 

 

ချစ်ရတဲ့ မြန်မာပြည်နဲ့ ချစ်ပရိသတ်တွေကို နှစ်ပတ်ကြာ ခွဲခွာနေရမယ့် ရွှေကစ်လေးကတော့ လတ်တလောမှာ ကိုရီးယားမင်းသားချောလေး Ryu Sang Wook နဲ့တွေ့ဆုံနေပြီဖြစ်ပြီး လျှောက်လည်ညစာစားနေကြတာလည်း တွေ့ရပါတယ်နော်..။

 

 

 

ပျော်ရွှင်စရာအမှတ်တရတွေနဲ့ ညစာစားပွဲလေးမှာတော့ ရွှေကစ်နဲ့ မင်းသားချောလေး Ryu Sang Wook တို့အပြင် ဒါရိုက်တာဇင်ရော်မောင်မောင်၊ လင်းသန့်မောင်မောင်တို့နဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကိုလည်း စုံစုံညီညီလေး တွေ့မြင်ရပါတယ်နော်..။

 

 

 

မနက်ဖြန် ဇွန်လ(၇)ရက်နေ့မှာ စတင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကြိုတင်ပြင်ဆင်မှုလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီးတွေ့ဆုံနေကြတဲ့ ညစာစားပွဲ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo – ဇင်ရော်မောင်မောင်
Source;myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.