မင်းသားမင်းသမီးတွေ ရှုံးလောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ “အငွေ့အသက်များ” သီချင်းကို Tik Tok ဗီဒီယိုလေးအဖြစ် ဖန်တီးခဲ့တဲ့ Ah Boy နဲ့ ချမ်းမြေ့မောင်ချို

Posted on

တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ကြတဲ့ ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season (3) ရဲ့ 1st Runner Up ဆုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချို့က သူမရဲ့မိခင် အဆိုတော်အိအိဆီကနေ အနုပညာအရည်အချင်းတွေများစွာကို အမွေဆက်ခံထားသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ ချမ်းမြေ့မောင်ချိုက သူမရဲ့ ပထမဦးဆုံးအယ်လ်ဘမ် 11 ကို ထွက်ရှိခဲ့ပြီး ပရိသတ်တွေအတွက် သီချင်းသစ်တွေကို ဆက်တိုက်ဆိုသလို ချပြနေတာပဲ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူမနဲ့ အဆိုတော် Ah Boy ရဲ့ သီချင်းသစ်လေးဖြစ်တဲ့ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းလေးကို ထွက်ရှိခဲ့တာဖြစ်ပြီး ထိုသီချင်းလေးက ထုတ်လုပ်ပြီး ပထမအပတ်မှာတင် Top Ten ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့က သူတို့ရဲ့ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းလေးကို မင်းသားမင်းသမီးတွေ ရှုံးလောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သရုပ်ဆောင်ထားကြတာကို အခုလိုပဲ တွေ့ရပါတယ်။

ချမ်းမြေ့မောင်ချိုနဲ့ Ah Boy ရဲ့ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းလေးကတော့ လူငယ်ပရိသတ်တွေကြား တော်တော်လေးရေပန်းစားပြီး အောင်မြင်နေလျက်ရှိပါတယ်။ ပရိသတ်ကြီးလည်း ချမ်းမြေ့မောင်ချိုနဲ့ Ah Boy ရဲ့ ပထမဦးဆုံး Tik Tok ဗီဒီယိုလေးကို သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။

Source: ChanMyae MgCho’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.