မင်းသမီးဖြစ်တဲ့ သူမထက်တောင်ပိုချောပြီး ခန့်ခန့်ချောချောနဲ့လှတဲ့ မေမေ့ကို ထုတ်ကြွားလာခဲ့တဲ့ နန်းသူဇာ

Posted on

ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်နဲ့ အဆိုတော်မလေးဖြစ်တဲ့ နန်းသူဇာ ဟာဆိုရင် မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ပုရိသတွေရဲ့ အသည်းနှလုံးလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ နန်းသူဇာ က ကြော်ငြာများစွာကိုလည်း ရိုက်ကူးထားသလို သီချင်းတွေများစွာကိုလည်း သီဆိုခဲ့ပြီး အောင်မြင်တဲ့ အနုပညာလမ်းမမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေလျက်ရှိပါတယ်။ ဒါ့အပြင် အဆိုတော် ကျော်ထွဋ်ဆွေနဲ့ သူမရဲ့ အချစ်ရေးလေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့အကြောင်းအရာလေးတစ်ခုပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂၀) ရက်နေ့ကတော့ နန်းသူဇာရဲ့ အချစ်ဆုံး မေမေရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ နန်းသူဇာက သူမရဲ့ မေမေအတွက် အမှတ်တရဓာတ်ပုံလေးတွေနဲ့အတူတူ “Happy Birthday Momma 😘😘😘” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ နန်းသူဇာရဲ့ မေမေကတော့ နန်းသူဇာနဲ့ တစ်ထေရာတည်းတူပြီး ခန့်ခန့်ချောချောကြီးဆိုတာကို ပရိသတ်ကြီးလည်း တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

နန်းသူဇာရဲ့ မေမေကတော့ အသားဖြူဖြူဖွေးဖွေးကြီးနဲ့ အရမ်းချောတာပဲနော်။ နန်းသူဇာလည်း ချစ်ရတဲ့ မေမေနဲ့အတူတူ နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nann Thuzar’s fb

zawgyi




Source: Nann Thuzar’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.