“မင်းနဲ့နီးခွင့်ရဖို့ ဆုတောင်းနေတယ်” လို့ဆိုတဲ့ နေခြည်ရွှန်းလက်

“ပုဂံမြို့သူ”၊ “မျက်လုံးမှာအလွမ်း၊ နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသမီးချောလေး နေခြည်ရွှန်းလက်ကို ပရိသတ်ကြီး သိပြီးသားနေမှာပါ။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချင်ခင်မှုကို တစ်ခဲနက် ရရှိထားတာပဲ ဖြစ်ပါတယ်။နေခြည်ရွှန်းလက်က လက်ရှိမှာတော့ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ မင်းသမီးချောလေး နေခြည်ရွှန်းလက်က ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာကောင်းပြီး လှပတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။ ပရိသတ်တွေအတွက် နေခြည်ရွှန်းလက်ရဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

နေခြည်ရွှန်းလက်ကတော့ “မင်းနဲ့နီးခွင့်ရဖို့ ဆုတောင်း..💛” နေပါတယ်တဲ့ 😍

နေခြည်ရွှန်းလက်က လက်ရှိမှာတော့ Forever Group Co.Ltd မှ ရိုက်ကူးတဲ့ “အခန်းနံပါတ်?” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ဝင့်ယမုံနိုင်၊ ကျော်ဆု၊ သက်ဦးကို၊ လင်းမြတ်၊ ရန်လင်းအောင်၊ မြနှင်းရည်လွင်တို့နဲ့အတူတူ တောင်ကြီးမြို့မှာ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

နေခြည်ရွှန်းလက်ကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ လှပတဲ့ ဆံပင်ရှည်ရှည်တွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ရွှန်းလက်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.