ဘွဲ့ရ ပညာတတ်တစ်ယောက် မဖြစ်ခဲ့ပေမယ့် ဘဝနဲ့ရင်းပြီးရခဲ့တဲ့အသိကြောင့် မျိုးဆက်သစ်တွေ အကျိုးရှိစေမယ့်အလှူလေးပြုပေးခဲ့တဲ့ ကျော်သူ

ချစ်ပရိတ်သတ်ကြီးရေ… အနုပညာနယ်ပယ်မှာတကယ်ကိုတော်တဲ့ ထူးချွန်တဲ့ ဝါရင့်အနုပညာရှင်ကြီး ကျော်သူဆိုတာ မသိတဲ့သူမရှိပါဘူးနော်။ ကလေးလူကြီးအားလုံးရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားပြီးတော့ အကယ်ဒမီဆုကြီးတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ထားတဲ့ စံပြ မင်းသားကြီးတစ်လက်လည်းဖြစ်ပါတယ်နော်။

မြန်မာနိုင်ငံ Star Award အကောင်းဆုံးဒါရိုက်တာဆုကိုလည်းရရှိထားတဲ့ ဒါရိုက်တာ ပရဟိတမင်းသားကြီးလည်းဖြစ်တဲ့ ကျော်သူဟာ အခုတစ်ခါမှာလည်း ထူးချွန်တဲ့မျိုးဆက်သစ်လူငယ်တွေအတွက်အကျိုးရှိစေမယ့် အလှူတစ်ခုကိုလုပ်ခဲ့ပြန်ပါတယ်နော်။

ဒီအလှူလေးလုပ်ဖြစ်ခဲ့ပုံကို “ကျွန်တော်သည် ဘွဲ့ရပညာတတ်တစ်ယောက် မဟုတ်ပေ။ ဆယ်တန်းကို(၂)ကြိမ်ဖြေဆိုခဲ့ရသူတစ်ယောက်။ သို့ရာတွင်”ငါ ကအခုချိန်အထိ တက္ကသိုလ်ကျောင်းသား ကွ!” ဟူ၍တစ်လွဲ မာန်မာနဖြင့် ကြွေးကျော်နေသောသူဖြစ်ပေသည်။ ရူပဗေဒနောက်ဆုံးနှစ်တွင် စာမေးပွဲမဖြေဘဲနှင့်မိန်းမခိုးပြေးရင်း အနုပညာလောကထဲရောက်လာသူပေကိုး။

ပညာရေး(စာ) ဆိုလျှင်ဝေးဝေးရှောင်၊ကာတွန်းရုပ်ပြ၊ဝတ္ထုဆိုလျှင် အသေရရ အရှင်ရရစွဲလန်းစွာဖတ်တဲ့လူသားတစ်ဦးပင် “ဖြစ်ကြောင်း သူ့ရဲ့ကျောင်းသားဘဝကနေစပြီး ပရိတ်သတ်တွေကိုရင်ဖွင့်ပြောပြခဲ့ပါတယ်နော်။

“အမေမွေးဖွါးပေးခဲ့တဲ့ဦးနှောက်ခန္ဓာ၊သွေးသားများဖြင့်ဘဝသံသရာအတွင်းတွင် အလှည့်ကျ ရောက်ရှိလာခဲ့တဲ့လူသားဘဝထဲမှာ ဘဘဦးသုခ၊ကျေးဇူးရှင်ဆရာတော်ဘုရားကြီးများနဲ့တွေ့ဆုံခဲ့ပြီး ဇနီးဖြစ်သူရွှေဇီးကွက် ဖတ်လေ့ရှိသော အရှင်ဇနကဘိဝံသ၏ဓမ္မစာပေများကိုလိုက်လံ ဖတ်ရှုရင်းဖြင့်အမြင်အသိတရားရလာကာ အချိန်မီလူသားခြင်းစာနာထောက်ထားသည့်စိတ်၊

လူ့ကျင့်ဝတ်များကိုနားလည်လက်ခံလာပြီး မိမိကိုယ်ကိုမိမိ လေးစားကြည်ညိုနိုင်ရန်ကြိုးပမ်းနေသည့် လူသားတစ်ဦးဖြစ်လာခဲ့တော့သည်။ ထို့ကြောင့် မိမိမစွမ်းသည့် ပညာရေးကဏ္ဍကို ဘဝ၏ အခက်အခဲများကြားမှ ကြိုးပမ်းနေကြသည့် နာကူ(ရန်ကုန်)မှ”သုခအလင်းပညာရေးကျောင်း”မှ အောင်မြင်ခဲ့သောကျောင်းသားကျောင်းသူ(၁၉)ဦးအား

မိမိနိုင်သလောက်ဂုဏ်ပြုအလှူငွေကို လှူဒါန်းခြင်းဖြင့်ပညာတတ်မျိုးဆက်သစ်ကလေးငယ်များပေါ်ထွန်းရေးအတွက်တစ်နိုင်တစ်ပိုင်ရိုးသားစွာ ဂုဏ်ပြုလှူဒါန်းလိုက်ပါသည်” ဟုဆိုကာ မျိုးဆက်သစ်တွေအပေါ် ထားရှိတဲ့ဖြူစင်တဲ့ စေတနာနဲ့ မွန်မြတ်တဲ့အလှူလေးကို ပြုလုပ်ခဲ့ပါတယ် ချစ်ပရိတ်သတ်ကြီးရေ….

Source : Kyaw Thu

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.