ဘဲနဲ့ပြတ်ပြီး လှလာတာ အွန်စောပဲရှိတယ် လို့ ပြောထားတာကို ဖြေရှင်းလာတဲ့ ထွန်းထွန်း

Posted on

ဟိုးအရင်ခေတ်တွေကတည်းကအခုအချိန်အထိ ပရိသတ်တွေရင်ထဲမှာ နေရာယူထားဆဲဖြစ်တဲ့ အဆိုတော်သရုပ်ဆောင်မင်းသားထွန်းထွန်းက အခုလက်ရှိမှာလည်းရုပ်ရှင်တွေရိုက်ထားပြီး အနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေတာဖြစ်ပါတယ်။ ထွန်းထွန်းက မကြာသေးမီက အွန်စော ကွာရှင်းပြတ်စဲလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတင်လိုက်တဲ့ Status အကြောင်း မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြေရှင်းထားပါတယ်။

ထွန်းထွန်းက သူပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို “ဒီကားလေးက လူကြီးလူငယ်ကလေးတွေပါပါတယ်။ အကုန်လုံးနားလည်မယ့် ပညာပေးကားလေးဖြစ်တယ်လို့ပြောချင်ပါတယ်။ ဒီကားလေးကလေ ကျွန်တော်တို့ ဘယ်လိုခေါ်မလဲ ခေါင်းစဉ်အတိုင်းပေါ့လေ နိုင်ငံကြီးသားတစ်ယောက်ပီသဖို့အတွက် လိုအပ်ချက်တွေကလည်း ရှိတယ်။ ကိုယ်တိုင်ပြုပြင်နေထိုင်ကြမယ်။ ကိုယ်တိုင်သိပြီးသား အသိအပြင်ဘယ်လိုမျိုးလေး ပြုပြင်နေထိုင်ကြမလဲဆိုတာကို ရာထူးအခွင့်အာဏာအပေါ်မူတည်ပြီးတော့ သုံးသပ်ပြထားတာတွေရှိတယ်။ ဒီကားလေးက ပညာပေးတဲ့ဟာမှာပွင့်ပွင့်လင်းလင်းထင်သာမြင်သာပညာပေးထားတဲ့ကားလေးလို့ပြောချင်ပါတယ်”လို့ ပြောပြထားပါတယ်။

နိုင်ငံကြီးသားကားထဲမှာ မင်းသွေးလည်းပါဝင်တာကြောင့်လာကြည့်ဖို့ဖိတ်ခေါ်ချင်တယ်လို့လည်း “သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ထင်သာမြင်သာဖြစ်စေတဲ့ ပညာပေးကားလေးလည်းဖြစ်ပါတယ်။ ပါတဲ့ actor တွေလည်းတော်တော်များပါတယ်။ မင်းသွေးလည်းပါတယ်ဆိုတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးက ရုံတင်တာနောက်ဆုံးကားဖြစ်မလားတောင်မသိဘူးဆိုတော့ လာရောက်ကြည့်ရှု့အားပေးဖို့အတွက်ဖိတ်ခေါ်လိုပါတယ်”လို့ ပြောထားပါသေးတယ်။

ထွန်းထွန်းက သူ့ရဲ့ လူမှုကွန်ယက်မှာ “ဘဲနဲ့ပြတ်လို့လှလာတယ်ဆိုတာ ဟိုက အွန်စောလေ”လို့ ပြောထားတာကို “ကျွန်တော်က အွန်စောပရိသတ် အွန်စောကိုအရမ်းကြိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တစ်ခုတွေ့လိုက်တယ်။ အသည်းကွဲမှလှလာတယ်ဆိုတာ အွန်စောက အသည်းကွဲမှလှလာတာမဟုတ်ဘူးလေ။ နဂိုကတည်းက လှပြီးသား အဲဒါကိုပြောချင်တာ။ ကျန်တာကတော့ ဘယ်လိုတွေးလိုက်လဲတော့ ကျွန်တော်လည်းမသိဘူး”လို့ ရှင်းပြထားပါတယ်။

မြန်မာနိုင်ငံက မိန်းကလေးတွေကိုဖဲ့တာမဟုတ်ပါဘူးလို့လည်း “မပြောလိုပါဘူးဘာမှ ကျွန်တော်လည်းမဆော်ပါဘူး။ မဆော်ရဲပါဘူး။ကြောက်ပါတယ်။ပြောစရာလား။ ကျွန်တော်အရိုက်ခံနေရမှာပေါ့။ ကျွန်တော်တို့ချာတိတ်ထဲကလေ အွန်စောဂျွန်စောဆိုကတည်းကကိုကြိုက်တာအခုအချိန်အထိပဲ။သရုပ်ဆောင်လည်းကောင်းတယ်။ ရုပ်လည်းချောတယ်”လို့ ပြောထားပါတယ်။

Can’t wait to say

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.