ဘိုးဘိုးကြီး လွင်မိုးရဲ့ ပန်းချီကားတွေကို ယူဆော့ထားတာကြောင့် ဘိုးဘိုးကြီးဆူခံရမှာကြောက်ပြီး “ဘိုရုပ်မရဲ” ဆိုပြီး တတွင်တွင်ပြောနေတဲ့ Liam ရဲ့ ဗီဒီယို

Posted on

မင်းသားကြီး လွင်မိုးကတော့ သမီးနှစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပြီးမှ သူ့ရဲ့ဘဝထဲကို ဝင်ရောက်လာခဲ့တဲ့ ပထမဦးဆုံး မြေးယောကျာ်းလေး Liam ကို တုန်နေအောင် ချစ်သူ ဖြစ်ပါတယ်။ Liam လေးကလည်း ဖေဖေ၊ မေမေနဲ့ ခွဲခွာနေရပြီး အဘိုး၊ အဘွားတွေနဲ့သာ အနေများတာကြောင့် သူ့ရဲ့ ဘိုးဘိုး၊ ဘွားဘွားတွေကို မျက်စိအောက်ကနေ အပျောက်မခံနိုင်အောင် ချစ်ရှာသူ ဖြစ်ပါတယ်။ Liam လေးကြောင့်လည်း လွင်မိုးတို့ တစ်အိမ်လုံးက ပျော်ရွှင်ကြည်နူးစရာတွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား အရွယ်ရောက်လာခဲ့ပြီး အခုဆိုရင် (၂)နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ Liam လေးက တဖြည်းဖြည်း လူရည်လည်လာပြီး စကားတွေလည်း အများကြီးပြောတတ်နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Liam က ဘိုးဘိုးကြီး လွင်မိုးရဲ့ ပန်းချီကားတွေကို ယူဆော့ထားတာကြောင့် ဘိုးဘိုးကြီးဆူခံရမှာကြောက်ပြီး “ဘိုရုပ်မရဲ” ဆိုပြီး တတွင်တွင်ပြောနေတာကို အခုလိုပဲ တွေ့ရပါတယ်။

Liam လေးကတော့ “ဘယ်လိုလုပ်မလဲ” ဆိုတဲ့ စကားကို သူ့ရဲ့ မပီတပီ အသံလေးနဲ့ “ဘိုရုပ်မရဲ” ဆိုပြီး ပြောနေတာ အရမ်း ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း Liam လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: May Thu’s fb

zawgyi




Source: May Thu’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.