ဘိုင်စကုပ် အပြင် က သခင်ကြီး ရဲ့ ၀မ်းနည်းစရာ ကောင်းလှတဲ့ ဘ၀အခြေအနေ

Posted on

အင်္ဂလိပ်ဗိုလ် အဖြစ် ရုပ်ရှင်တွေမှာတွေ့ရတဲ့ ဦးစံမြင့် (ခေါ်) သခင်ကြီးကို ပရိသတ်တွေ မှတ်မိကြမယ်ထင်ပါတယ်။ တော်လှန်ရေးကားတွေမှာဆိုရင် မောင်မင်း လူကလေးဆိုတဲ့ ခေါ်သံကို ပရိသတ်ကြီး သိကြမှာပါ။ အဆိုပါ သရုပ်ဆောင် ဦးစံမြင့်(ခေါ်) သခင်ကြီးဟာ လက်ရှိမှာတော့ ဘယ်ဘက်ခြေသလုံးရိုးနဲ့ ဘယ်ဘက်ပေါင်ရိုး တစ်ပြိုင်ထဲ ကျိုသွားတဲ့ ဝေဒနာကို ခံစားနေရပြီး လမ်းမလျှောက်နိုင်တော့ဘူးလို့သိရပါတယ်။

အဲ့လို လမ်းမလျှောက်နိုင်တော့တဲ့ ဦးစံမြင့်(ခေါ်)သခင်ကြီး ကို ကိုလူချောအဖွဲ့မှ လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူတို့လှူခဲ့တဲ့ အကြောင်းကိုလဲ “ပဲခူးမြို့ပန်းလှိုင်ပုဏ္ဏားစုရပ်တွ င်နေသောရုပ်ရှင်သရုပ်ဆောင် ဦးစံမြင့်(သခင်ကြီ)းသည်ဘယ်ဘက်ခြေထောက်ခြေသလုံးရိုး နှင့်ဘယ်ဘက်ပေါင်ရိုးတပြိုင်ထဲကျိုးခြင်းဝေဒနာခံစားရပြီးလမ်းမလျှောက်နိုင်ကြောင်းအကြောင်းကြားလာသဖြင့်စာနာစိတ် ဖြင့်အလှူရှင်တဦးလှူဒါန်းသောWheel Chair တခုနှင့်ကိုလူချောအဖွဲ့မှထောက်ပံ့ငွေများကိုပဲခူးမြို့အရောက်သွား ပြီးလှူဒါန်းပေးခဲ့ပါတယ်” ဆိုပြီး ဦးအောင်ခိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

5

ဦးစံမြင့်(ခေါ်)သခင်ကြီးဟာ(၁၉၃၁)ခုနှစ် မတ်လ(၁၆)ရက်နေ့ကပြည်မြို့မှာမွေးဖွားခြဲ့ပီး ဗြိတိသျှစစ်သား တစ်ဦးနဲ့ မြန်မာအမျိုးသမီး တစ်ဦးတို့က မွေးဖွားခဲ့တာဖြစ်ပြီး မောင်နှမ ၆ယောက်ရှိကာ ပညာရေးလဲ ထူးချွန်သူ တစ်ဦးဖြစ်ပါတယ်။သူဟာ မင်းသား တင်ညွန့်က ရုပ်ရှင်ရိုက်ရန် ကမ်းလှမ်း လာသည့်အတွက် ဦးစံမြင့်က ”ရန်သူကို ဘာမထီ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကို ရောက်ရှိထာခဲ့တာဘဲ ဖြစ်ပါတယ်။

သူဟာ ရုပ်ရှင်ဇာတ်ကားကြီးပေါင်း ၃၄ ကားခန့်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၁ဝဝဝ ကျော်ခန့်ကို ရိုက်ကူးခဲ့သူလဲ ဖြစ်ပါတယ်။ ဦးစံမြင့်ဟာ ယခုဆိုရင် အသက် ၈၇ နှစ်ရှိပြီဖြစ်ပြီး ကျန်းကျန်းမာမာရှိခဲ့ရာမှ ယခုအခါမှာတော့ လမ်းမလျှောက်နိုင်တော့တဲ့ ရောဂါဝေဒနာကို ခံစားနေရှာပြါ့ပီ။ သခင်ကြီးအတွက် ကျန်းမာရေးကောင်းမွန်ဖို့ ဆုမွန်ကောင်းတောင်းပေး လိုက်ကြပါဦးနော်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မျှဝေသွားဖို့မမေ့ပါနဲ့ ။

Source – Middle Man ၊ ခက်ဇော်
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.