ဘာဘီအရုပ်မလေးတစ်ရုပ် အသက်ဝင်လာသလား ထင်မှတ်ရတဲ့ နန်းစန္ဒာလှထွန်း

Posted on

“ရေဝတီ” ဆိုပြီး ပရိသတ်တွေ ချစ်ခဲ့ရတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်း တဖြည်းဖြည်းချင်း အောင်မြင်မှုတွေ ရရှိနေသူလေးပါ။ နန်းစန္ဒာလှထွန်းကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း အများအပြားရှိပြီး တစ်ချို့ဆို ချစ်လွန်းလို့ အသားပေါ်မှာ ဆေးမင်ကြောင်ထိုးပေးကြတဲ့အထိကို အားပေးကြမ်းကြတာကို တွေ့ရပါတယ်။ နန်းစန္ဒာလှထွန်းကလည်း ပရိသတ်တွေ အားပေးရကျိုးနပ်အောင် အနုပညာလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါနစ်ပြီး အားပေးကြတာကို တွေ့ရပါတယ်။

ဒီတစ်ခေါက်မှာတော့ နန်းစန္ဒာလှထွန်းက သူမရဲ့ အရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းနေတဲ့ ဆယ်လ်ဖီပုံရိပ်တွေကို မျှဝေပေးထားတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် နန်းစန္ဒာလှထွန်းရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

နန်းစန္ဒာလှထွန်းကတော့ သီလရှင်ထွက်ခါစမို့ ဆံပင်အတုလေးနဲ့ လှချင်တိုင်း လှနေတာကို တွေ့ရပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကို ချစ်နေရတာပဲ ဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းက လက်ရှိမှာလည်း “ငွေစက္ကူ(၇)ရွက်” ဇာတ်လမ်းတွဲက သရဖီဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားနေရသူလေးဖြစ်ပါတယ်။ ပရိသတ်တွေလည်း နန်းစန္ဒာလှထွန်းရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျးဇူးအထူးတင်ရှိပါတယ်နော်။

Source: Nan Sandar Hla Htun’s fb
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.