ဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ ဘွဲ့ရရှိခဲ့တဲ့ အမှတ်တရလေးကို ဖေဖေ၊ မေမေနဲ့အတူတူ မိသားစုလိုက်လေး ဖန်တီးခဲ့တဲ့ စိုးပြည့်သဇင်

Posted on

မျက်နှာဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာမျိုးရိုးကောင်းကနေ ဆင်းသက်လာခဲ့သူ ဖြစ်ပါတယ်။ စိုးပြည့်သဇင်ကလည်း သူမကိုယ်တိုင် အနုပညာလောကမှာ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်လို့လာခဲ့ပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့တင် အကယ်ဒမီဆုရှင်အဖြစ် ကျော်ကြားခဲ့တာပဲ ဖြစ်ပါတယ်။ စိုးပြည့်သဇင်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း အမြို့မြို့ အနယ်နယ်မှာ အခိုင်အမာနဲ့ ရပ်တည်နေကြလျက်ရှိပါတယ်။

ဒီကနေ့မှာတော့ စိုးပြည့်သဇင်က သူမဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ ဘွဲ့ရရှိတဲ့ အမှတ်တရလေးကို ဖေဖေ၊ မေမေနဲ့အတူတူ မိသားစုလိုက်လေး ဖန်တီးခဲ့တဲ့ ပုံရိပ်လေးကို မျှဝေပေးလာပါတယ်။ စိုးပြည့်သဇင်တို့ မိသားစုတွေကတော့ သူတို့ ကိုယ်စီရရှိထားတဲ့ ဘွဲ့ဝတ်စုံတွေနဲ့ အမှတ်တရ ဓာတ်ပုံလေးကို ရိုက်ကူးပြီး အခုလိုပဲ မျှဝေပေးထားတာ ဖြစ်ပါတယ်။

စိုးပြည့်သဇင်က တစ်ဦးတည်းသောသမီးပီပီ ဖေဖေ၊ မေမေရဲ့ အသည်းကျော်လေးဖြစ်ပြီး သူမကိုယ်တိုင်ကလည်း ဖေဖေ၊ မေမေအပေါ်ကို အားကိုးသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း စိုးပြည့်သဇင်တို့ရဲ့ မိသားစု ဓာတ်ပုံလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Pyae Thazin’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.