ဘဝမှာ နေထိုင်ချင်တဲ့ပုံစံကို ရင်ဖွင့်ပြောပြလိုက်တဲ့ နန်းစန္ဒာလှထွန်း



 

 


 

 

ခရစ်ဒစ်  Cele Gabar

ယူနီကုဒ့်ဖြင့်ဖတ်ရန်

ပရိသတ်ကြီးရေ နန်းစန္ဒာလှထွန်းကတော့ ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ဘယ်ဇာတ်ရုပ်မဆို သဘာဝကျကျ ပီပြင်အောင် စိတ်နှစ် ရိုက်ကူးတတ်တဲ့ သူမကတော့ Miss World Myanmar ( 2015 ) Second Runner Up အလှမယ်တစ်ဦးပဲ ဖြစ်ပါတယ်။နန်းစန္ဒာလှထွန်းလို့ ပြောလိုက်တာနဲ့ ရေဝတီလေးလို့ တန်းမြင်ကြမယ်ထင်ပါတယ်နော်။ ရေဝတီလေးကတော့ “ ပဉ္စလက်ရွာ ”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေစတင်သတိထားမိလာပြီး “ အရိပ်” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေ ရင်ထဲကို နာ့စ်ဆရာမလေးသက်သက် အဖြစ် စွဲထင်ကျန်ရစ်စေခဲ့တဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။ “ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲ မှာလည်း ” ဟန်နီ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေကို ထပ်မံဆွဲဆောင်နိုင်ခဲ့ပြန်ပါသေးတယ်။

ရေဝတီလေးကတော့ ယောကျာ်းလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခံရရုံသာမက မိန်းကလေးပရိသတ်တွေကပါ အချစ်ပိုရတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ဦးပါ။ သူမရဲ့အပြောအဆို ဟန်ပန်အမူအရာလေးတွေက ပရိသတ်တွေကို အားပေးချစ်ခင်စေတဲ့ အဓိကအချက်လို့ဆိုရမှာပါ။

လက်ရှိမှာတော့ သူမပါဝင်ထားတဲ့လယ်တွင်းသားစောချစ်ရဲ့ “ ကျွန်တော်အမုန်းဆုံးကျွန်တော် ” ဝတ္ထုကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းတွဲဟာ MRTV – 4 မှာ ပြသနေပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နန်းစန္ဒာလှထွန်းဟာ သူမနေထိုင်ချင်တဲ့ဘဝပုံစံလေးကို ပြောပြလာတာပဲ ဖြစ်ပါတယ်။” ဘဝကို အရိုးရှင်းဆုံးပဲ ဖြတ်သန်းချင်တယ်” ဆိုတဲ့ စာသားလေးနဲ့ အတူ သူမရဲ့ ရိုးရှင်းပြီးကျက်သရေရှိတဲ့အလှပုံရိပ်တွေကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.