ဘဝမွာ အရမ္းလုပ္ခ်င္ျပီး မလုပ္ခဲ့ဖူးေသးတဲ့ သူမရဲ့ပထမဦးဆံုး Music Video ကို ပရိသတ္ေတြအတြက္ တိတ္တိတ္ေလးစီစဥ္ထားတယ္ဆိုတဲ့ ေဖြးေဖြး

Posted on

အသက္အငယ္ဆံုး အကယ္ဒမီသံုးဆုရွင္ေဖြးေဖြးကေတာ့ ဆယ္ေက်ာ္သက္အရြယ္ကတည္းက အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ေဖြးေဖြးက သူမရဲ့ အနုပညာသက္တမ္းအစမွာ Art Of Depression အဖြဲ့ရဲ့ ပင္တိုင္အဆိုေတာ္တစ္ေယာက္အျဖစ္ သီခ်င္းေတြကို သီဆိုခဲ့တာပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေဖြးေဖြးက ဂီတထက္ သရုပ္ေဆာင္ဘက္ကို ပိုမိုအားစိုက္လုပ္ကိုင္ခဲ့ျပီး ရုပ္ရွင္ဇာတ္ကားၾကီးေတြ ဆက္တိုက္ရိုက္ကူးလာတာကို ေတြ့ရပါတယ္။

ဒီတစ္ခါမွာေတာ့ ေဖြးေဖြးက ပရိသတ္ေတြအတြက္ လက္ေဆာင္ေလးတစ္ခု စီစဥ္ထားေၾကာင္း ေျပာျပလာပါတယ္။ “Here I Am August…2020 ♌🖤🤍 August မွာ ယူတို႔ အတြက္ တိတ္တိတ္​ေလး စီစဥ္ထားတာ​ေလး… 🤫🤍✨xX ​ေဖြးဘဝ ရဲ႕ အရမ္း လုပ္ခ်င္ၿပီး မလုပ္ခဲ့ရ​ဖူးေသးတဲ့အရာ။ My very very 1st Music Video Of My Song!! Coming very very soon ဆို​ေတာ့ …​ေဖြး..အမ်ားႀကီး​ေတြမ​ေျပာ​​ေတာ့ဘူးကြာ..🌹​ေမွ်ာ္……..🖤🤘” ဆိုျပီး သူမကိုယ္တိုင္သီဆိုထားတဲ့ သီခ်င္းေလးရဲ့ Music Video ေလးကို ခ်ျပမယ့္အေၾကာင္း ေျပာလာပါတယ္။

ေဖြးေဖြးကေတာ့ သူမရဲ့ ပထမဦးဆံုး Music Video ေလးကို အခုၾသဂုတ္လအတြင္းမွာ ခ်ျပမွာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ကေတာ့ ေဖြးစိန္ရဲ့ Music Video ကို ၾကည့္ရႈရမွာမို့ ေဖြးေဖြးနဲ့ ထပ္တူ ရင္ခုန္စိတ္လႈပ္ရွားေနမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Phway Phway’s fb

unicode

အသက်အငယ်ဆုံး အကယ်ဒမီသုံးဆုရှင်ဖွေးဖွေးကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဖွေးဖွေးက သူမရဲ့ အနုပညာသက်တမ်းအစမှာ Art Of Depression အဖွဲ့ရဲ့ ပင်တိုင်အဆိုတော်တစ်ယောက်အဖြစ် သီချင်းတွေကို သီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဖွေးဖွေးက ဂီတထက် သရုပ်ဆောင်ဘက်ကို ပိုမိုအားစိုက်လုပ်ကိုင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလာတာကို တွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ ဖွေးဖွေးက ပရိသတ်တွေအတွက် လက်ဆောင်လေးတစ်ခု စီစဉ်ထားကြောင်း ပြောပြလာပါတယ်။ “Here I Am August…2020 ♌🖤🤍 August မှာ ယူတို့ အတွက် တိတ်တိတ်လေး စီစဉ်ထားတာလေး… 🤫🤍✨xX ဖွေးဘဝ ရဲ့ အရမ်း လုပ်ချင်ပြီး မလုပ်ခဲ့ရဖူးသေးတဲ့အရာ။ My very very 1st Music Video Of My Song!! Coming very very soon ဆိုတော့ …ဖွေး..အများကြီးတွေမပြောတော့ဘူးကွာ..🌹မျှော်……..🖤🤘” ဆိုပြီး သူမကိုယ်တိုင်သီဆိုထားတဲ့ သီချင်းလေးရဲ့ Music Video လေးကို ချပြမယ့်အကြောင်း ပြောလာပါတယ်။

ဖွေးဖွေးကတော့ သူမရဲ့ ပထမဦးဆုံး Music Video လေးကို အခုသြဂုတ်လအတွင်းမှာ ချပြမှာဖြစ်ပါတယ်။ ပရိသတ်တွေအတွက်ကတော့ ဖွေးစိန်ရဲ့ Music Video ကို ကြည့်ရှုရမှာမို့ ဖွေးဖွေးနဲ့ ထပ်တူ ရင်ခုန်စိတ်လှုပ်ရှားနေမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phway Phway’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.