ဘယ်လောက်စားစား ဝမလာလို့ စိတ်ညစ်နေတဲ့ပျိုမေတို့အတွက် အကြံပေးချက် (၅) ချက်

အရာရာက အလယ်အလတ်မျှ ကောင်းသလိုပဲ လူ့ခန္ဓာကိုယ်မှာလည်း ဝလွတ်းတာ မကောင်းသလို ပိန်လွန်းရင် မကောင်းပြန်ပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဝဝဖြိုးဖြိုး ဖြစ်ချင်နေသော ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။

(၁) ကယ်လိုရီများတာတွေ စားပေးပါ

 

တစ်ပတ်အတွင်း ပေါင်ချိန်တတ်လာစေဖို့အတွက် နေ့တိုင်း အနည်းဆုံး ကယ်လိုရီ(၅၀၀)ပါတဲ့ အစားအစာတွေကို စားပေးပါ။ ကယ်လိုရီများများပါတာတွေကိုစားပေးရမယ့်အပြင် အာဟာရရှိစေမယ့် အစားအစာတွေကိုပါ စားပေးပါ။ ကယ်လိုရီမပါတဲ့ အစားအစာတွေက ဘယ်လိုအာဟာရမျိုးကိုမှ ထောက်ပံ့မပေးပါဘူး။

 

 

(၂) ပရိုတင်းများများပါတာကို စားပေးပါ

 

ဝိတ်တတ်စေဖို့အတွက် အဓိကကတော့ အသားဓာတ်လိုအပ်ပါတယ်။ ကြွက်သားတွေကို ပရိုတင်းနဲ့ တည်ဆောက်ရတာဖြစ်လို့ ကြွက်သားတွေ တတ်ဖို့အတွက် ပရိုတင်းပါတာတွေကို စားပေးရပါမယ်။ ပရိုတင်းများများပါတဲ့ အစားအစာတွေကို စားတဲ့အခါမှာ ကြွက်သားတွေထဲမှာ ကယ်လိုရီတွေ ပိုသွားပါလိမ့်မယ်။

(၃) ရေများများသောက်ပေးပါ

 

 

ဝိတ်ကျချင်တဲ့သူတွေကို အစားမစာခင် ရေများများသောက်ခိုင်းတာက ဗိုက်ပြည့်သွားစေအောင်ဖြစ်ပါတယ်။ ဒါပေမယ့် ရေများများသောက်ပေးတာကလည်း ၀ိတ်တတ်စေနိုင်ပါတယ်တဲ့။ ရေများများသောက်ပေးတာက ခန္ဓာကိုယ့်ထဲမှာ ထိန်းပေးထားနိုင်သလို ရေရဲ့အလေးချိန်ကြောင့် ၀ိတ်တတ်လာစေနိုင်ပါတယ်။

(၄) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကိုစားပေးပါ

ကစီဓာတ်နဲ့ အဆီ များများပါတဲ့ အစားအစာတွေက ကျန်းကျန်းမာမာ ၀ိတ်တတ်လာဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကစီဓာတ်က အားဖြစ်စေပြီး ကျန်းမာစေတဲ့ အဆီတွေက ကယ်လိုရီဖြစ်စေပါတယ်။ ဒီနှစ်မျိုးပေါင်းလိုက်ရင် ၀ိတ်တတ်လာစေပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပေးပါ

 

 

 

ဝိတ်တတ်လာစေဖို့အတွက် gym ဆော့ပေးတာကလည်း အရေးကြီးပါတယ်။ ၀ိတ်တတ်စေဖို့ ကယ်လိုရီများတာတွေက အဆီကို ဖြစ်သွားစေနိုင်လို့ အဆီတွေ လောင်းကျွမ်းသွားစေဖို့ gym ဆော့ပေးပါ။ ကြွက်သားတတ်စေဖို့ တစ်ပတ်ကို (၄-၅)ကြိမ်လောက် gym သွားသင့်ပါတယ်။

Hannwe Soe

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.