ဘယ်တော့စားရမလဲ မေးနေကြတဲ့ သူတွေကို ပြတ်ပြတ်သားသား ဖြေပေးလိုက်တဲ့ ဘေဘီမောင်

Posted on

မနဲ့ မောင် စုံတွဲလေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အဆိုတော် သားဂန်းနဲ့ သရုပ်ဆောင် ဘေဘီမောင်တို့စုံတွဲလေးကို ကြင်ကြင်နာနာနဲ့ တွေ့ကြရတဲ့အတွက် မိတ်ဆွေတွေနဲ့ ပရိသတ်များက ဘယ်တော့စားရမလဲဆိုပြီး မေးနေကြပါတယ်။

ဒီလို မေးခွန်းလေးကို ဘေဘီမောင်က ပရိသတ်တွေ ပုံတွေမြင်ပြီး ပြောနေကြတာတွေက wedding photo shooting အတွက် ရိုက်ပေးနေကြတဲ့ ပုံလေးတွေဖြစ်ပြီး တကယ်မဟုတ်ပါဘူးလို့ ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။

“တကယ်မဟုတ်ဘူးနော် ဘယ်တော့စားရမလဲလာမမေးနဲ့😆ဒီရက်ပိုင်းwedding photoရူတင်များနေပါတယ်နော်😍ဒီဝတ်စုံလေးက မင်္ဂလာဆွမ်းကျွေးလေးပါဝတ်စုံလေး😍Weddingguide magazine💚” ဆိုပြီး ဇူလိုင်လ (၃၁) ရက်နေ့ ညပိုင်းက သူမရဲ့ဖေ့စ်ဘွတ်လေးမှာ ပုံလေးများနဲ့ ဝေမျှခဲ့ပါတယ်။

အနုပညာခရီးလမ်းမှာ အောင်မြင်မှုအသီးသီး ရရှိထားတဲ့ သူတို့စုံတွဲလေးဟာ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိပြီး မိသားစုအပေါ်သိတတ်လိမ္မာကြတဲ့ သူများဖြစ်ကြပါတယ်။ ချစ်သူဘ၀ကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းခဲ့ကြတာဆိုရင် သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ ချစ်သူသက်တမ်းက (၁) နှစ် ပြည့်တော့မှာပဲ ဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ သူတို့ရဲ့ အချစ်ခရီးလမ်းလေးကို ဖြောင့်ဖြူးစွာ သွားနေကြတာ ဖြစ်တဲ့အတွက် အိမ်ထောင်ပြုဖို့တော့ လိုပါသေးတယ်တဲ့။ သူတို့စုံတွဲလေးကို ချစ်ရင် မှတ်ချက်မှာ ရေးသွားနော်။

 

Source : Baby Maung

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.