ဘယ်လိုမှမထင်မှတ်ထားလောက်အောင် ယောကျာ်းလေးတစ်ယောက်လို အပြင်အဆင်နဲ့ ခြူးလေး ရုတ်တရက်တော့ မမှတ်မိဘူးလုပ်လိုက်

Posted on







Photo – Mie Mie Lay

ယူနီကုတ်ဖြင့်ဖတ်ရန်

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ခြူးလေး ရဲ့ ပုံရိပ်ကလေး တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခြူးလေးရဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း မကြာခင် ကြည့်ရတော့မှာပါ။သူမသရုပ်ဆောင်ထားတဲ့ ချစ်ရပါသောနွေ ဇာတ်လမ်းတွဲလေးကလည်းပရိသတ်အားပေးမှုများစွာရရှိထားသလို၊ ခုလက်ရှိမှာလည်း နွေလယ်ညရဲ့ လမင်း ဇာတ်လမ်းတွဲ နဲ့လည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုများစွာ ရရှိထားပါတယ်။

ခြူးလေး က ဒီတစ်ခါမှာတော့ ယောကျာ်းလေးတစ်ယောက်လို အသွင်အပြင် နဲ့ ချောမောခန့်ညားနေတဲ့ ပုံလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေအတွက်ဖော်ပြပေးထားတာပါ။

ခြူးလေး က ” Happy New Year ပါ ….နှစ်သစ်မှာ ချန်ဖူး လေးများနဲ့ ၇ရက်သားသမီး အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ …..
အမြဲတမ်း ချစ်နော် … ” ဆိုပြီးပြောထားပါသေးတယ်။

ခြူလေးရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

သရုပ်ဆောင် ခြူးလေးရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ မိုမိုလေးရဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

လေးစားစွာဖြင့်ခရစ်ဒက် — မိုမိုလေး
Photo – Mie Mie Lay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.