နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာပါ တော်တော်လေး အောင်မြင်နေတာပဲ ဖြစ်ပါတယ်။
ပိုင်တံခွန်က လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီး သူ့ရဲ့ ထိုင်းပရိသတ်တွေနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ(၃)ရက်နေ့ကလည်း ပိုင်တံခွန်က သူ့ရဲ့ ပထမဆုံး Fan Meeting ပွဲကို ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဘန်ကောက်မြို့ရဲ့ ညခင်းမှာတော့ ပိုင်တံခွန်က ကြောင်လေးတစ်ကောင်ကို ပိုက်ပြီး လျှောက်လည်နေတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်၊
ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကို ချစ်တတ်သူပီပီ ကြောင်လေးတွေမြင်ရင် မချီရမနေနိုင်အောင် အသည်းယားတတ်သူတစ်ယောက် ဖြစ်ပါတယ်။
ပိုင်တံခွန်ကတော့ ဘန်ကောက်မြို့မှာ တော်တော်လေး ပျော်နေပုံပါပဲနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Source: Paing Takhon’s fb
ခရက်ဒစ် မိုမိုလေး