ဗုဒၶဟူးသားသမီးမ်ားအတြက္ ဇြန္လတစ္လစာ ေဟာစာတမ္း

စီးပြားေရး….ဥပေဒနဲ႔ မလြတ္ကင္းတဲ႔ စီးပြားသမားေတြ သတိထားပါ။ ဒီလမွာ ဗုဒၶဟူးသားသမီးေတြ အဖမ္းအဆီးခံရတာ မ်ားပါလိမ့္မယ္။ လြတ္ကင္းသူေတြလည္း အခြန္ကိစၥေတြေၾကာင့္ စိတ္ရႈပ္ရလိမ့္မယ္။ခဏခဏအစိုးရက ဝင္စစ္တာေၾကာင့္လည္း စိတ္ရႈပ္ရဖို႔ရွိပါတယ္။ အစိုးဝန္ထမ္းေတြေတာ့ ဝင္ေငြနည္းလိမ့္မယ္။ အေျပာင္းအေရႊ႕ကိစၥေတြေၾကာင့္ အလုပ္ရႈပ္လိမ့္မယ္။ ကိုယ္မေျပာင္းခ်င္တဲ႔ ေနရာမွာ ေျပာင္းေရႊ႕လုပ္ကိုင္ရတတ္ပါတယ္။ အျခားစီးပြားေရးလုပ္သူေတြလည္း ထိုင္ေနရေလာက္ေအာင္ ပါးလိမ့္မယ္။ယၾတာေျခထားရင္ေတာ့ သက္သာတာေပါ့ဗ်ာ။ယၾတာ=နီးစပ္ရာ ဘုရားမွာ မိမိသက္ေစ့ ေရသပၸာယ္ျပီး ေသာက္ေရသန္႔လွဴ ေပးပါ။

ေငြေၾကး…လက္လြန္ထားတာေတြေတာ့ ဆံုးျပီသာမွတ္ေတာ့။ မဟုတ္ရင္ေတာ့ စိတ္ေသာက ေရာက္ေနရံုသာရွိမွာပါ။ ျပန္ရဖို႔ ခက္ခဲပါတယ္။ ထြက္ေငြအင္မတန္မ်ားျပီး ဝင္ေငြနည္းလို႔ အေၾကြးေတာင္ တင္ပါလိမ့္မယ္။ ဒီလမွာ လံုးဝ ေငြအဝင္နည္းမွာပါ။ယၾတာေတာ့လုပ္သင့္ပါတယ္။ ယၾတာ= မနက္တိုင္း အိမ္ဘုရားမွာေမတၲာသုတ္ ရြတ္ဖတ္ေပးျပီး မျမင္အပ္မျမင္ရာေတြကို ေမတၲာပို႔ အမ်ွေဝေပးၾကပါ။ ဒါက အေကာင္းဆံုး ယၾတာပါဘဲ။ ေန႔တိုင္းလုပ္သင့္ပါတယ္။

 

 

က်န္းမာေရး…. ဖ်ားတာနာတာ မၾကာခဏျဖစ္မယ္။ အထူးသျဖင့္ ဗုဒၶဟူးသားသမီးေတြ ငွက္ဖ်ားျဖစ္နိုင္တဲ႔ ေဒသေတြကို မသြားသင့္ပါဘူး။ ငွက္ဖ်ားေရာဂါကို ခံစားရတတ္ပါတယ္။ ေရာဂါပိုး ဝင္တတ္ပါတယ္။ေရႊတြင္းက လုပ္သားေတြ ပိုသတိထားၾကပါ။ အခန္႔မသင့္ရင္ ငွက္ဖ်ားေရာဂါပိုး ဦးေနွာက္ထဲဝင္ျပီး အသက္ပါ ပါသြားနိုင္ပါတယ္။ ယၾတာ=ဘုန္းၾကီးေက်ာင္းေတြမွာ ေစာင္ေတြ၊တဘက္ေတြ လွဴ ေပးၾကပါ။

အခ်စ္ေရး… အခ်စ္ေရးကေတာ့ ကံေကာင္းေနၾကမွာပါ။ ခ်စ္သူ ရည္းစားေတြက တဆင့္တက္ျပီး အိမ္ေထာင္သည္ ဘဝကို ေရာက္ၾကလိမ့္မယ္။ အိမ္ေထာင္ျပဳ ျဖစ္ၾကလိမ့္မယ္။ အေဝးက ခ်စ္သူေတြ ျပန္လာျပီး မေမ်ွာ္လင့္ဘဲေပ်ာ္ရႊင္ရမယ့္ လပါဘဲ။ ယၾတာမလိုပါဘူး။

ပညာေရး….ဆယ္တန္းေျဖဆို ထားတဲ႔ ဗုဒၶဟူး သားသမီးေတြအေနနဲ႔ ေအာင္ျမင္ၾကမွာျဖစ္ပမယ့္ ဂုဏ္ထူးမွာေတာ့ ရာနႈန္းနည္းလိမ့္မယ္။ အသစ္တက္မည့္ ကေလးေတြလည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္တက္ရမွာပါဘဲ။ ယၾတာ=အိမ္ဘုရားမွာ သရက္သီးအမွည့္လွဴ ေပးပါ။ခြဲစိတ္ျပီးတင္ရင္ ပိုေကာင္းပါတယ္။အလံုးအေရအတြက္ကေတာ့ မိမိတတ္နိုင္သေလာက္ေပါ့။

လူမႈေရး…. ဗုဒၶဟူးသားသမီးမ်ား အဓိက မီးေဘးသတိထားပါ။ ေဘးအိမ္ကေန ကိုယ့္အိမ္မွာ မီးေဘးၾကံဳတတ္ပါတယ္။ အခုလိုမေဟာခ်င္ပါဘူး။ ဒါေပမယ့္ သတိေပးတဲ႔အေနနဲ႔ ေရးတာပါ။အိမ္မွာ မီးခိ်တ္ မီးကပ္ရွိပါေစ။ မိမိကိုယ္တိုင္လည္း အိမ္မွာမီးသံုးစြဲတာ သတိမပ်က္ပါေစနဲ႔။ယၾတာ=အရင္ရက္ေတြက မီးေလာင္ခဲ႔တဲ႔ မီးေဘးသင့္သူေတြကို ကိုယ္တတ္နိုင္သေလာက္ အဝတ္နဲ႔ေငြလွဴ ေပးပါ။

အိမ္ေထာင္ေရး…. ေဖာက္ျပန္တဲ႔ ကိစၥေတြေၾကာင့္ ကြဲကြာသြားနိုင္ သည္အထိ ျပသနာတက္လိမ့္မယ္။ ကိုယ့္အိမ္ေထာင္ဖက္ကို သတိထားျပီး ပိုျပဳစုပါ။ ပိုျပီးၾကင္နာပါ။ အဲဒါဆိုရင္ေတာ့ အငယ္အေနွာင္းကိစ ၥပူစရာမလိုပါဘူး။ ယၾတာလည္းေျခၾကေပါ့ဗ်ာ။ ယၾတာ=နီးစပ္ရာဘုရားမွာ ေခါင္းေလာင္းလွဴ ေပးပါ။မိမိတတ္နိုင္သေလာက္ေပါ့ဗ်ာ။မ်ားမ်ားလွဴ နိုင္ေလေကာင္းေလပါဘဲ။

unicode

စီးပွားရေး….ဥပဒေနဲ့ မလွတ်ကင်းတဲ့ စီးပွားသမားတွေ သတိထားပါ။ ဒီလမှာ ဗုဒ္ဓဟူးသားသမီးတွေ အဖမ်းအဆီးခံရတာ များပါလိမ့်မယ်။ လွတ်ကင်းသူတွေလည်း အခွန်ကိစ္စတွေကြောင့် စိတ်ရှုပ်ရလိမ့်မယ်။ခဏခဏအစိုးရက ဝင်စစ်တာကြောင့်လည်း စိတ်ရှုပ်ရဖို့ရှိပါတယ်။ အစိုးဝန်ထမ်းတွေတော့ ဝင်ငွေနည်းလိမ့်မယ်။ အပြောင်းအရွှေ့ကိစ္စတွေကြောင့် အလုပ်ရှုပ်လိမ့်မယ်။ ကိုယ်မပြောင်းချင်တဲ့ နေရာမှာ ပြောင်းရွှေ့လုပ်ကိုင်ရတတ်ပါတယ်။ အခြားစီးပွားရေးလုပ်သူတွေလည်း ထိုင်နေရလောက်အောင် ပါးလိမ့်မယ်။ယတြာခြေထားရင်တော့ သက်သာတာပေါ့ဗျာ။ယတြာ=နီးစပ်ရာ ဘုရားမှာ မိမိသက်စေ့ ရေသပ္ပာယ်ပြီး သောက်ရေသန့်လှူ ပေးပါ။

ငွေကြေး…လက်လွန်ထားတာတွေတော့ ဆုံးပြီသာမှတ်တော့။ မဟုတ်ရင်တော့ စိတ်သောက ရောက်နေရုံသာရှိမှာပါ။ ပြန်ရဖို့ ခက်ခဲပါတယ်။ ထွက်ငွေအင်မတန်များပြီး ဝင်ငွေနည်းလို့ အကြွေးတောင် တင်ပါလိမ့်မယ်။ ဒီလမှာ လုံးဝ ငွေအဝင်နည်းမှာပါ။ယတြာတော့လုပ်သင့်ပါတယ်။ ယတြာ= မနက်တိုင်း အိမ်ဘုရားမှာမေတ္တာသုတ် ရွတ်ဖတ်ပေးပြီး မမြင်အပ်မမြင်ရာတွေကို မေတ္တာပို့ အမျှဝေပေးကြပါ။ ဒါက အကောင်းဆုံး ယတြာပါဘဲ။ နေ့တိုင်းလုပ်သင့်ပါတယ်။

ကျန်းမာရေး…. ဖျားတာနာတာ မကြာခဏဖြစ်မယ်။ အထူးသဖြင့် ဗုဒ္ဓဟူးသားသမီးတွေ ငှက်ဖျားဖြစ်နိုင်တဲ့ ဒေသတွေကို မသွားသင့်ပါဘူး။ ငှက်ဖျားရောဂါကို ခံစားရတတ်ပါတယ်။ ရောဂါပိုး ဝင်တတ်ပါတယ်။ရွှေတွင်းက လုပ်သားတွေ ပိုသတိထားကြပါ။ အခန့်မသင့်ရင် ငှက်ဖျားရောဂါပိုး ဦးနှောက်ထဲဝင်ပြီး အသက်ပါ ပါသွားနိုင်ပါတယ်။ ယတြာ=ဘုန်းကြီးကျောင်းတွေမှာ စောင်တွေ၊တဘက်တွေ လှူ ပေးကြပါ။

အချစ်ရေး… အချစ်ရေးကတော့ ကံကောင်းနေကြမှာပါ။ ချစ်သူ ရည်းစားတွေက တဆင့်တက်ပြီး အိမ်ထောင်သည် ဘဝကို ရောက်ကြလိမ့်မယ်။ အိမ်ထောင်ပြု ဖြစ်ကြလိမ့်မယ်။ အဝေးက ချစ်သူတွေ ပြန်လာပြီး မမျှော်လင့်ဘဲပျော်ရွှင်ရမယ့် လပါဘဲ။ ယတြာမလိုပါဘူး။

ပညာရေး….ဆယ်တန်းဖြေဆို ထားတဲ့ ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ အောင်မြင်ကြမှာဖြစ်ပမယ့် ဂုဏ်ထူးမှာတော့ ရာနှုန်းနည်းလိမ့်မယ်။ အသစ်တက်မည့် ကလေးတွေလည်း ပျော်ပျော်ရွှင်ရွှင်တက်ရမှာပါဘဲ။ ယတြာ=အိမ်ဘုရားမှာ သရက်သီးအမှည့်လှူ ပေးပါ။ခွဲစိတ်ပြီးတင်ရင် ပိုကောင်းပါတယ်။အလုံးအရေအတွက်ကတော့ မိမိတတ်နိုင်သလောက်ပေါ့။

လူမှုရေး…. ဗုဒ္ဓဟူးသားသမီးများ အဓိက မီးဘေးသတိထားပါ။ ဘေးအိမ်ကနေ ကိုယ့်အိမ်မှာ မီးဘေးကြုံတတ်ပါတယ်။ အခုလိုမဟောချင်ပါဘူး။ ဒါပေမယ့် သတိပေးတဲ့အနေနဲ့ ရေးတာပါ။အိမ်မှာ မီးချိတ် မီးကပ်ရှိပါစေ။ မိမိကိုယ်တိုင်လည်း အိမ်မှာမီးသုံးစွဲတာ သတိမပျက်ပါစေနဲ့။ယတြာ=အရင်ရက်တွေက မီးလောင်ခဲ့တဲ့ မီးဘေးသင့်သူတွေကို ကိုယ်တတ်နိုင်သလောက် အဝတ်နဲ့ငွေလှူ ပေးပါ။

အိမ်ထောင်ရေး…. ဖောက်ပြန်တဲ့ ကိစ္စတွေကြောင့် ကွဲကွာသွားနိုင် သည်အထိ ပြသနာတက်လိမ့်မယ်။ ကိုယ့်အိမ်ထောင်ဖက်ကို သတိထားပြီး ပိုပြုစုပါ။ ပိုပြီးကြင်နာပါ။ အဲဒါဆိုရင်တော့ အငယ်အနှောင်းကိစ ္စပူစရာမလိုပါဘူး။ ယတြာလည်းခြေကြပေါ့ဗျာ။ ယတြာ=နီးစပ်ရာဘုရားမှာ ခေါင်းလောင်းလှူ ပေးပါ။မိမိတတ်နိုင်သလောက်ပေါ့ဗျာ။များများလှူ နိုင်လေကောင်းလေပါဘဲ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.