ဗီဒီယိုခေတ်ပျက်သွားလို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်ဆိုတဲ့ မင်းရာဇာ

မြန်မာအနုပညာလောကမှာတော့ ယခုနောက်ပိုင်းမှာ ခပ်ကျဲကျဲ သာ တွေ့ရတဲ့ သရုပ်ဆောင် မင်းရာဇာကတော့ ယောကျာ်းပီပီသသ ဆွဲဆောင်မှုရှိတဲ့ မင်းသားမင်းရာဇာကတော့ ခန္ဓာကိုယ်တောင့်ဖြောင့်တာကြောင့် Line Walker 2 ထဲမှာ Killer တယောက်အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ခဲ့တဲ့ အပြင်ယုံကြည်ချက်တစ်ခုကိုခိုင်ခိုင်မယ် အခုလည်း သူရဲ့လတ်တလောရင်ဆိုင်တွေကြုံနေရတဲ့အဖြစ်ပျက်တချို့ကို မြန်မာပလက်ဖောင်းမီဒီယာနဲ့အင်တာဗျူးမှာပြောပြသွားတာတွေကိုပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ် ။

မင်းရာဇာက လတ်တလောသူတွေ့ကြုံနေရတဲ့အခက်ခဲတွေကို “ကျနော်ကတော့ နောက်ပိုင်း ခွေကြည့်တဲ့ပုံစံကပျောက်လာမယ်ထင်တယ် ။ဒါမေယ့်နေရာတကာတိုင်းမှာတော့ချန်နယ်ကြည့်တဲ့သူတွေမရှိသေးဘူး ။တချို့အပိုင်းထဲမှာ တချို့ရွာတွေတောတွေမှာ အားပေးတဲ့ပရိသတ်တွေရှိပါသေးတယ် ။ အဲ့ဒီအတွက်ဒီဘက်မှာလည်းရိုက်ကူးတွေလုပ်နေတယ် ။အဓိကကတော့ ကျနော်ဝါသနာ ပါလွန်းလို့ ရပ်တည်နေခဲ့တာပါ ။ ကျနော်တို့ရဲ့ အသက်သွေးကြောဆိုရင်လည်းမမှားပါဘူး ကျနော်တို့ စီးပွားရေးဆိုရင်လည်းမမှားပါဘူး ။ကျနော်တာဝန်ကျေအောင်အလုပ်လုပ်သလို ကျနော်အသက်ရှင်နေတဲ့အလုပ်တစ်ခုကို အလေးထားတယ် တန်ဖိုးထားတယ် ။တော်တော်လေးကို Video ဈေးကွက်မှာရပ်တည်ဖို့ရုန်းကန်ရတာ အခက်အခဲတွေအများကြီးရှိပါတယ်။

ကျနော်ကတော့ သရုပ်ဆောင်ဆိုတော့ ကာရိုက်တာကအစုံရိုက်တာပါ ။ ဒါပေမယ့်ကျနော်ပုံစံက ကျနော်Martial Art ကိုပိုသဘောကျတယ်။ Martial Art ဆိုတိုင်းလည်း တွေ့တိုင်းထိုးတိုင်းလည်းမဟုတ်ဘူး ။ ကျနော်တို့နိုင်ငံရဲ့ သယံဇာတတွေ ကျနော်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ ၊ လိုကေးရှင်းတွေ ၊ ကျနော်တို့နိုင်ငံမှာရှိခဲ့တဲ့တကယ့်ရှိခဲ့တဲ့ တကယ့်အမွေအနှစ်တွေ ရိုးရာတွေကိုဖော်ထုတ်ပြချင်ပါတယ်။ ကိုယ့်မြန်မာနိုင်ငံကို ကမ္ဘာကသိအောင် ထုတ်ဖော်ပြသပေးချင်ပါတယ်”လို့ပြောပြသွားခဲ့ပါတယ်။

Source : nanmalgyi

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.