ဗစ်တိုးရီးယားလေး အတွက် ရင်တွင်းခံစားချက်တွေ ဖွင့်ဟလိုက်တဲ့ ကော်နီ

Posted on

 

နေပြည်တော် က ကိုယ်ပိုင်ကျောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိန်းမှု ဟာ လက်ရှိလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လူထု အာရုံစိုက်မှု ရရှိနေတဲ့ ကိစ္စတစ်ခုဖြစ်နေပါတယ်။ ကျူးလွန်ခံခဲ့ရတဲ့ သမီးငယ်လေး ဗစ်တိုးရီးယားလေး အတွက် တရားမျှတမှု ကို တစ်နိုင်ငံလုံးအနေအထားနဲ့ တောင်းဆိုနေကြတဲ့ သူတွေထဲမှာ ပြည်သူချစ်တဲ့အနုပညာရှင် ကော်နီ တစ်ယောက်လည်း ပါဝင်လို့ လာခဲ့ပါပြီ။

 

 

 

မကော် ကတော့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့် အခုလိုပြောပြထားတာပါ ။ “အရမ်းခံပြင်းမိတယ်,သနားလိုက်တာ
ပထမတော့ဒီအကြောင်းမဖတ်နိုင်,မကြည့်ရဲလို့,
ကျော်ကျော်သွားနေခဲ့ပေမယ့်,,,,
ကိုယ်တွေ, မြန်မာလူမျိုး,ပြည်သူထဲကပြည်သူတယောက်,
ကိုယ်တွေမှာလည်းတာဝန်ရှိတယ်,ဆိုတာမျိုး,,
ရင်ထဲမှာခံစားနေရပါပြီ,, ” ဆိုပြီး သူ့အမြင်ကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၀ နာရီပြည့်တိုင်း ပြည့်တိုင်းမှာ မြန်မာပြည်မှာ ကလေးတစ်ဦး မုဒိမ်းကျင့်ခံနေရပါတယ် လို့ ကျွမ်းကျင်သူတွေက အတည်ပြုထားသလို တစ်နေ့ထက်တစ်နေ့ သက်ငယ်မုဒိန်းမှုတွေကလည်း ဆက်လက်ဖြစ်ပွားနေဆဲပါ ။သိစေချင်လွန်းလို့ ပရိသတ်တွေကော ဗစ်တိုးရီးယားလေးရဲ့ ဖြစ်ရပ်အတွက်ဘယ်သူတွေမှာ တာဝန်ရှိနေသလဲဆိုတာ မှတ်ချက် ကနေ ပြောပြပေးခဲ့ပါဦးနော်။

Source – Tun Connie
No No May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.