ဗစ်တိုးရီးယားလေးအမှု အပေါ် သွေးအေးသွားကြပြီလား လို့ မေးလာတဲ့ ကိုပေါက်

Posted on

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်လဲဖြစ် ၊ ဒါရိုက်တာလဲဖြစ်တဲ့ ကိုပေါက်ဟာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေသလို လူမှုရေးလုပ်ငန်းတွေလဲ မပျက်ခဲ့ပါဘူး ။ သူဟာ လက်တစ်လောမှာတော့စစ်ကားတစ်ကားရိုက်ကူးဖို့ လုပ်ဆောင်နေပြီး တနေ့က နေပြည်တော်ကို အလုပ်ကိစ္စနဲ့ ရောက်ခဲ့တယ်လို့ဆိုပါတယ် ။ သူကနေပြည်တော်ကို ရောက်တုန်း နာမည်ကြီးနေတဲ့ မူကြိုကျောင်း လေးဆီကို ရောက်ခဲ့ကာ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

သူက ကျောင်းလေးနဲ့ အမှတ်တရဆိုတဲ့ပုံလေးကို “ နေပြည်တော်ရောက်တုန်း နာမည်ကြီးနေတဲ့ ကျောင်းတော်ကြီးနဲ့အမှတ်တရ။ ဒီကိစ္စအတွက် အထောက်တော်ပေါက်ကြီး ရောက်လာပြီ။ သွေးအေးသွားကြပြီလား? No No No” လို့ဆိုကာရေးသားခဲ့ပါတယ်။

ပြည်သူလူထုအားလုံး စိတ်ဝင်စားနေကြတဲ့ ဗစ်တိုးရီးယားလေးရဲ့ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေရော ၊ ဆရ ၀န်တွေ၊ ရှေ့နေတွေနဲ့ ကလေးမေမေတွေပါ မကျန်ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါအမှုဖြစ်ပွားခဲ့တာဟာ လေးလခန့်ကြာမြင်နေပြီ ဖြစ်ပေမယ့် တရားခံအစစ်အမှန်ဆိုတာကို ယနေ့ချိန်ထိ မသိရသေးပါ။

ယနေ့မှာလဲ သက်ဆိုင်ရာက တရားခံပါလို့ ဖမ်းဆီးထားတဲ့ ကိုအောင်ကြီးကို ယနေ့မှာရုံထုတ်ကြားနာတော့မှာဖြစ်တယ်။ ကိုအောင်ကြီးကရော တကယ့် စစ်မှန်တဲ့ တရားခံဟုတ်မဟုတ်ဆိုတာကို အားလုံးက စောင့်မျှော်နေကြတာလဲ ဖြစ်ပါတယ်။ ဖတ်ရှု့မိသူတွေအနေနဲ့ စစ်မှန်တဲ့ တရားခံဖြစ်ဖို့နဲ့ တရားခံအမြန်ဆုံးရရှိရေး ဆုတောင်းပေးလိုက်ကြပါဦးနော်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Source – ကိုပေါက်
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.