ဗစ်တိုးရီးယားလေးဘက်က ရပ်တည်ပြီး ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်တဲ့ ခိုင်နှင်းဝေ

Posted on

သမီးငယ်လေးတွေကို ပိုင်ဆိုင်ထားကြတဲ့ မိဘတွေ ရတက်မအေးရတဲ့ ကာလလို့ ဆိုရမလားပါပဲ။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ သမီးလေး ဗစ်တိုးရီးယားနဲ့ ကိစ္စ ဟာ မိဘတွေ ၊ မိခင်တွေကြားမှာ အုတ်အော်သောင်နင်း ဖြစ်ခဲ့သလို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း စိတ်ဝင်တစားစောင့်ကြည့်ခြင်းခံနေရတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။ ပြည်သူ့အချစ်တော် သရုပ်ဆောင် ခိုင်နှင်းဝေကလည်း သားသမီးချင်း ကိုယ်ချင်းစာစိတ်ကြောင့် သူ့အမြင်တွေကို လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အခုလို အသိပေးခဲ့ပါတယ်။

 

ခိုင်နှင်းဝေက “သမီးလေး ကျမရဲ့ သမီး….ကျမ သမီး
အဲလို တခါပြောလိုက်တိုင်း ရင်ထဲသိမ့်ကနဲမြည်အောင်ခံစားရတယ်… ကျမရဲ့ ကလေးတိုင်းဟာ ကျမရဲ့ သားသမီးတွေပဲ… မိဘမဲ့ မဟုတ်သလို သူတို့ အမေဟာ ကျမ..သူတို့ အဖေလဲ ကျမပဲ… ကျမ သားသမီးကို ထိရင် ကျားတကောင်လိုကိုက်ဖို့လဲရဲတယ်.ခြင်္သေ့လို ခုန်အုပ်ဖို့လဲရဲတယ်.ခွေးလိုဖက်ကိုက်ရအုံးမလား ကိုက်ရဲတယ်.ကျန်တဲ့အချိန်တိုင်းမှာကျမက နူးညံ့တယ်.သဘောကောင်းတယ်.အားနာတတ်တယ်.ဒါကြောင့်လဲ အနိုင်ကျင့်ချင်သူတွေများတယ်..ကျမကို နိုင်လို့ရချင်ရမယ်.ကျမသားသမီးတွေကိုထိလာရင်တော့ ကျမရဲ့ စိတ်မှာခွန်အားအပြည့်နဲ့ ခုခံကာကွယ်ဖို့နဲ့ လက်တုန့်ပြန်ဖို့ ဝန်မလေးဘူး..”လို့ရေးသားထားတာကိုတွေ့ရပါတယ်။

ဗစ်တိုးရီးယားလေး နဲ့ ပတ်သက်ပြီး လည်း “ညက အိပ်ခါနီးလေးမှာ သမီးလေး Victoria ရဲ့ အဖေအင်တာဗျူးလေးဖတ်မိပြီး တညလုံးအိပ်မပျော်ဘူး..ငါ့သမီးလေးသာလို့ တွေးလိုက်မိတာ အတွေးကိုအမြန်ဆုံးဖျောက်ပေမဲ့အိပ်မရတော့ဘူး..ချက်ချင်းသွေးတွေဗလောင်ဆူလာတယ်..လူသတ်ချင်စိတ်တွေပေါက်သွားတယ်..သားသမီးချင်းကိုယ်ချင်းစာကြသောအားဖြင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ပါစေတော့..မိဘချင်းလဲကိုယ်ချင်းစာမိပါတယ်..ဝိုင်းဝန်းကူညီဖို့လဲအသင့်ပါပဲ…ကလေးတို့ရဲ့ မေမေခိုင်နှင်းဝေ” ဆိုပြီး ဆက်လက်ရေးသားထားပါသေးတယ်။

ခိုင်နှင်းဝေ တစ်ယောက် ချစ်စရာသမီးငယ်လေးရဲ့ ဗီဒီယိုလေးတွေကိုတင်ပြီး အခုလို ရေးသားပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေလိုမျိုး တုန့်ပြန်ဖို့ပြင်ဆင်ထားကြတဲ့ သူတွေရှိရင် မှတ်ချက်ကနေ ထောက်ခံစကားပြောကြားခဲ့ကြပါဦးနော်။

Source – Khine Hnin Wai
No No May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.