ဗစ်တိုးရီးယားကိစ္စ မှာ တရားနည်းလမ်းကျကျ share ပါဆိုတဲ့ အဆိုတော်မလေး ချာချာ

Myanmar Girls အဖွဲ့ဝင်တစ်ယောက်အဖြစ်ရော တစ်ကိုယ်တော်တေးသီချင်းတွေ နဲ့ရော ပရိသတ်ထောက်ခံအားပေးမှုကို ရရှိခဲ့တဲ့အဆိုတော်မလေးချာချာကတော့ လက်ရှိ ဖြစ်ပျက်နေတဲ့ သက်ငယ်မုဒိန်းကိစ္စတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို လူမှုကွန်ရက် စာမျက်နှာကနေတဆင့်ပြောပြလာခဲ့ပါတယ်။ ချာချာကတော့ သူ့အမြင်ကို ယထာဘူတကျကျ အခုလိုရေးသားခဲ့တာပါ။

မပြောဘူးလို့နေနေပေမယ့်ရင်ထဲတစ်ခုခုမှချမရေးရရင် မနေနိုင်တော့လို့ချရေးမယ်
အသက်၁၈နှစ်ပြည့်ပီး ကျော်ပီးသူတွေသက်ငယ်မုဒိန်းမှုဖြစ်လိုက်ကြတာမှပြောမနေနဲ့ အရင်\nထဲကအမှုတွေတက်တက်လာတယ် ပျေ\nာက်ပျောက်သွားတယ်
အခုကျောင်းတစ်ကျောင်းက သက်ငယ်မုဒိန်းမှုဆိုတာတက်လာတယ် ကလေးမဘက်ကခံစားရလွန်းလို့ကြေကွဲရလွန်းလို့ငါ့တူမလေးသာဆိုရင်ဆိုပီးတွေးတောင်မတွေးရဲဘူး ရှိသေး
ဟော….ထပ်တက်လာပါတယ်… ကျူးလွန်တဲ့ညီအကို၂ယောက်ဆိုပီး နောက်ကလေး၂ယောက်ပုံ…မလုပ်သင့်ပါနော်လို့ပဲပြောချင်တယ်..ကျူးလွန်တာကလေး၂ယောက်ဖြစ်တယ်ပဲထားဦး သူတို့အရွယ်မရောက်သေးတာတစ်ကြောင်း အိုးးးးအဖက်ဖက်ကဒီဖြစ်စဉ်ဖြစ်ပျက်ခဲ့တဲ့ကလေး၃ယောက်ကို စာနာသနားသောအားဖြင့် အမှုမှန်ပေါ်ဖို့ကိုတရားနည်းလမ်းကျကျနဲ့shareပေးကြပါ…ဒီဖြစ်စဉ်ကအကုန်ကလေးတွေချည်းပဲ..(အပြစ်တင်ရမှာလူကြီးတွေကိုပဲ ဆိုဆုံးမမှုအားနည်းခဲ့လို့ ဗဟုသုတတွေသွန်သင်ပြသတာတွေအားနည်းခဲ့လို့ပဲ) ဒေါသဖြစ်နေတဲ့လူအုပ်ကြီးကိုလည်းပြောချင်တယ်…ဒေါသမထွက်ခင် မshareခင် သေချာလေးစဉ်းစားပီးဝန်းရံပေးကြပါ ထိထိရောက်ရောက်အရေးယူဖို့ပြောရာမှာလည်း ဦးဏှောက်လေးနဲ့စနစ်တကျနဲ့mentionကြပါ shareကြပါလားရှင်…

PS: မရေးနဲ့လို့အတန်တန်တားနေကြပေမယ့်ရေးတယ် ကိုယ့်ကြောင့်တစ်ယောက်အသိတရားရလည်းနည်းလား??? မကျေနပ်တဲ့လူမကျေနပ်သလိုဝင်ရေးရတယ် ဂရုကိုမစိုက်တာ … ဆိုပြီးသူ့ အမြင်ကို ရဲရဲချပြထားပါတယ်။ သိစေချင်လွန်းလို့ပရိသတ်တွေလည်း ချာချာရဲ့ စကားလေးတွေအပေါ်သဘောထားမှတ်ချက်လေးတွေဆပးခဲ့ကြပါနော်။

Source – Su Pyae Hmue Eain

No No May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.