ဖိုးချစ် နဲ့ Mizzima ရုပ်သံကို အတည်ဖြဲပီဖြစ်တဲ့ ချမ်းအေးဝင်း

ဇာတ်မင်းသမီးစိုးစိုး, ဇာတ်မင်းသားဖိုးချစ်, မုံရွာချင်းတွင်းသင်္ကြန်ပွဲတော်စီစဉ်သူများနှင့် Mizzima ရုပ်သံ တို့သိစေရန်ဆိုပြီး ခံစားချက်တွေပေါက်ကွဲလိုက်သူက ချမ်းအေးဝင်းပါ။ချမ်းအေးဝင်း က လူမှုကွန်ရက်ကနေ အခုလိုရေးသားထားတာပါ။

ပြီးခဲ့သော 2019 သင်္ကြန်ကာလအတွင်း Mizzima ရုပ်သံမှတစ်နိုင်ငံလုံးသို့ရိုက်ကူးထုတ်လွှင့်ခဲ့သော မုံရွာချင်းတွင်းသင်္ကြန်ပွဲတော်ဖျော်ဖြေတင်ဆက်မှုများတွင် နီနီခင်ဇော်ရေးသားသီဆိုပြီးကျွန်တော်ချမ်းအေးဝင်း တီးခတ်ဖန်တီး (produce) လုပ်ထားသော U အမည်ရသီချင်းအား တေးသံရှင် စိုးစိုး (ဇတ်မင်းသမီးဟုသိရ) ဆိုသူမှ ကြိုတင်ခွင့်ပြုချက်မတောင်း, နောက်လဲမဆက်သွယ်ပဲ အလွယ်တကူပင်သီဆိုဖျော်ဖြေခဲ့ပါသည်.

ထိုသို့ဖျော်ဖြေရာတွင်ကျွန်တော်တီးခတ်ဖန်တီးထားသော တေးဂီတတို့အား ခွင့်ပြုချက်မတောင်းပဲပုံစံတူ (တစ်စုံတစ်ယောက်အားအပ်နှံကာ) ပြန်လည်တီးခတ်ထားခြင်းဖြစ်ပါသည်. New version / remix ပြုလုပ်ကာပုံစံသစ်ဖန်းတီးထားခြင်းမဟုတ်ပါ. ထိုသို့ပုံစံသစ်ပြုလုပ်မည်ဆိုပါကလည်း မူလတေးရေး နှင့် သက်ဆိုင်သူများထံခွင့်ပြုချက်တာင်းခံပြီးမှပြုလုပ်ခွင့်ရှိပါသည်.

အဆိုပါ U သီချင်းသည် copy သီချင်းမဟုတ်ပဲ နီနီခင်ဇော်ကိုယ်တိုင်ရေးစပ်ကာ ကျွန်တော့်ဧ။် ကိုယ်ပိုင်ဉာဏတို့ဖြင့် produce လုပ်ဖန်တီးတီးခတ်ထားသော ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်ဖြစ်ပါသည်.

သို့ဖြစ်ပါ၍ဤသို့ ခွင့်ပြုချက်မတောင်းပဲ ပြန်လည်တီးခတ်ဖျော်ဖြေမှု ထုတ်လွှင့်တင်ဆက်မှုတို့်အတွက်တာဝန်ရှိသူများကိုစုံစမ်းဆက်သွယ်ခဲ့ရာ ပထမဦးဆုံးအနေဖြင့် Mizzima ရုပ်သံမှ ချင်းတွင်းသင်္ကြန်စီစဉ်သူများဧ။် ခွင့်ပြုချက်ရရှိပြီးကြောင်း, ပွဲစီစဉ်သူများဘက်မှ အသုံးပြုသည့်သီချင်းများနှင့်ပတ်သတ်၍ ခွင့်ပြုချက်များရယူပြီးဖြစ်ကြောင်းသိရ၍ ရိုက်ကူးထုတ်လွှင့်ရခြင်းဖြစ်ကြောင်းပြောကြားပါသည်.

ထို့ကြောင့်ချင်းတွင်းသင်္ကြန်စီစဉ်သူဟုသိရသော ဇာတ်မင်းသားဖိုးချစ်ကို မြန်မာနိုင်ငံဂီတအစည်းအရုံးမှတစ်ဆင့်ဆက်သွယ်ခဲ့ရာ တေးသီချင်းအသုံးပြုမှုများအတွက် Myanmar Pro သို့အကြောင်းကြားပြီးအသုံးပြုခဲ့ခြင်းဖြစ်ကြောင်းပြောပါသည်.

သို့သော်လည်းသင်္ကြန်ကာလအပြီးအတော်ကြာသည်အထိ Myanmar Pro ရော သီချင်းအသုံးပြုသူများထံမှဆက်သွယ်လာခြင်းမရှိခဲ့ပါ.

ကျွန်တော်ချမ်းအေးဝင်းအနေဖြင့် Myanmar Pro အဖွဲ့ဝင်ထားခြင်းမရှိ လုပ်ပိုင်ခွင့်အပ်နှံထားခြင်းများမရှိသည့်အတွက် ယခုလိုအသုံးပြုမှုများနှင့်ပတ်သတ်၍ တာဝန်ရှိသူတစ်ဦးတစ်ယောက်မှ ကိုယ်တိုင်လာရောက်ဖြေရှင်းရန်ဂီတအစည်းအရုံးသို့တိုင်ကြားခဲ့ရာ ကိုယ်တိုင်လာရောက်ခြင်းမရှိပဲဖုန်းဖြင့်တစ်ဆင့်သာဖြေရှင်းခဲ့သည်.

ဤသို့တေးသီချင်းအားအသိမပေးပဲအသုံးပြုမှုအပြင် (မည်သည့်ဖျော်ဖြေရေးတွင်မဆိုအသုံးပြုနိုင်ရန်) ကြိုတင် ပြန်လည်တီးခတ်ထားမှုတို့အတွက် စုစုပေါင်းနစ်နာကြေးငွေ 7သိန်းအားတောင်းဆိုခဲ့ရာ မိမိတို့မသိ၍ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း (တေးသီချင်းအသုံးပြုခြင်းများနှင့်ပတ်သတ်၍ဂီတအစည်းအရုံးမှ သင်္ကြန်မတိုင်မီကပင် သတင်းစာနှင့် social media မှကြေငြာချက်ထုတ်ခဲ့သည်) ထို့ကြောင့်နစ်နာကြေးအားလျော့ပေါ့ပေးရန်တောင်းဆိုသဖြင့် ကျွန်တော့်ဘက်မှ 1သိန်းလျော့ပေးခဲ့ပါသည်.

သို့သော်လည်းထိုနှုန်းထားကိုလဲမပေးနိုင်ကြောင်း ငါးသောင်းတစ်သိန်းခန့်သာပေးနိုင်မည်ဖြစ်ကြောင်းတစ်ဖက်မှပြန်ပြောပါသည်.

သို့ဖြစ်ပါ၍ကျွန်တော့်ဘက်မှတစ်ဆင့်ထပ်လျော့ပေးကာ ကိုယ်တိုင်မလာနိုင်သော်လည်း ကျွန်တော့်ဆီကိုယ်တိုင်ဖုန်းဖြင့်ဆက်သွယ်၍ နှစ်ဦးနှစ်ဖက်အဆင်ပြေမည့်နှုန်းတစ်ခုညှိနှိုင်းပေးနိုင်ရန် ဂီတအစည်းအရုံးမှတဆင့်ဖုန်းနံပါတ်ပေးခဲ့ပါသည်.

ထို့ကြောင့်ဇာတ်မင်းသားဖိုးချစ်ကိုယ်တိုင်ဖုန်းဆက်လာကာ ဖျော်ဖြေသည့်နေ့က ဆိုမည့်သူမရှိ၍ ဇာတ်မင်းသမီးစိုးစိုးအားအစားထိုးဖျော်ဖြေခိုင်းရခြင်းဖြစ်ကြောင်း, ထိုဇာတ်မင်းသမီးစိုးစိုးဆိုသူမှာလဲဝင်ငွေနည်း၍ချို့တဲ့သူဖြစ်ကြောင်း, ဆိုစရာ Karaoke CD အချပ်မထွက်၍ ဇာတ်ထဲမှ အတီးသမားကိုအနီးစပ်ဆုံးပြန်လည်တီးခတ်ခိုင်းထားရခြင်းဖြစ်ကြောင်း, အသုံးပြုကြေးအနေနဲ့ ငါးသောင်း တစ်သိန်းထက်ပို၍မပေးဆောင်နိုင်ကြောင်း, အနုပညာသမားအခြင်းခြင်းငှဲ့ငြာစေလိုကြောင်း, ဂီတအစည်းအရုံးသို့လဲမလာနိုင်ကြောင်းနှင့် ကျေနပ်မှုမရှိက တရားရေးအရဆက်လက်လုပ်ဆောင်နိုင်ကြောင်း, ယခုပေါ်ပေါက်လာသည့်မူပိုင်ခွင့်ဥပဒေဆိုသည်မှာလဲ မိမိတို့ကြိုးပမ်းပေးခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါသည်.

*
ထို့ကြောင့်ဇာတ်မင်းသားဖိုးချစ်တို့အနေဖြင့်ဤသို့တာဝန်များအပြည့်အဝမယူနိုင်ပါက ဒီလိုပွဲများနောက်နောင်မစီစဉ်ပါရန်နှင့် ဇာတ်မင်းသမီးစိုးစိုးအပါအဝင် ကိုယ့်လက်အောက်ရှိအနုပညာရှင်များအားယခုလိုကိုယ်မပိုင်သောသီချင်းများကို တိကျသောခွင့်ပြုချက်မယူ, ကျသင့်မှုကိုလဲမရှင်းပေးနိုင်ဘဲ ပြီးစလွယ်အသုံးပြုခြင်း ပြန်လည်ဖန်တီးခြင်းများကို ရပ်တန်းကရပ်စေရန် ဇာတ်ဦးစီးတစ်ယောက်အနေဖြင့်ထိန်းကျောင်းတားမြစ်ပေးရန်, မိမိတို့ပါဝင်ကြိုးပမ်းခဲ့သောဥပဒေကို မိမိတို့ကိုယ်တိုင်မချိုးဖောက်မိစေရန် သတိပေးလိုပါသည်.

ရိုက်ကူးထုတ်လွှင့်သော Mizzima ရုပ်သံအနေဖြင့်လဲ သီချင်းအသုံးပြုခွင့်များကို တိကျခိုင်မာသောစာရင်းအထောက်အထားများနှင့်မပြနိုင်ဘဲ နှုတ်ဖြင့်သာ “ခွင့်ပြုချက်ယူပြီး” ဟု (တကယ်ယူထားခြင်းမရှိဘဲ) ပြောဆိုသောပွဲများအားရိုက်ကူးထုတ်လွှင့်ဖို့သတိပြုပါရန် နောက်နောင်မူပိုင်ခွင့်အရှုပ်အရှင်းပြသနာကိစ္စရပ်များမပေါ်ပေါက်စေရန်အလို့ငှါ အသိပေးအကြောင်းကြားလိုပါသည်. *

ယခုဖြစ်ပေါ်လာသည့်အလွဲသုံးစားကိစ္စကိုလဲ လုပ်ပိုင်ခွင့်ရှိသည့်ဘောင်အတွင်းမှဆက်လက်လုပ်ဆောင်သွားပါမည်. ယခုလိုလုပ်ဆောင်ရခြင်းမှာ မပြောပလောက်သည့်လျော်ကြေးငွေပမာနကြောင့်မဟုတ်ဘဲ ကြိုးစားဖန်တီးထားသောအနုပညာပစ္စည်းများအား အလွဲသုံးစားပြုလုပ်ခြင်းများမှကာကွယ်ရန်, ဈေးကွက်အရကျဆင်းနေသော ဂီတနှင့်အနုပညာလုပ်ငန်းတစ်ခုလုံးကို ယခုထက်ပိုမို၍အကာအကွယ်ပေးနိုင်သော စနစ်တစ်ခုပေါ်ပေါက်လာစေရန်ရည်ရွယ်ခြင်းဖြစ်ပါသည်.

ထိုမှသာ နောင်မျိုးဆက်သစ်လူငယ်များ၏ဖန်တီးမှုကိုပိုမိုကာကွယ်ပေးရာရောက်ပြီး ပိုမိုနားလည်ဆင်ခြင်နိုင်ကာ ယခုထက်ပို၍အဆင့်အတန်းမြင့်မားသောအနုပညာဖန်တီးမှုများဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာမြင့်မားစေနိုင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ယခုကိစ္စရပ်အားမည်သူပြောပြောမပြောပြော ကျွန်တော်အမုန်းခံပြောဆိုရခြင်းဖြစ်ပါသည်.

ပရိသတ်ကြီးလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်တွေသဘောထားတွေပြောခဲ့ပေးကြပါဦးနော်။

Source – Chan Aye Win

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.