ဖမ်းဆီးထားသော ယာဉ်မောင်းမှာ ကလေးကိုယ်တိုင် လက်ညိုးထိုးသော “ကိုကို” ဟု ရဲဗိုလ်ချုပ်ပြော

Posted on

SHARE
Wisdom Hill မူကြိုကျောင်းဖြစ်စဉ်တွင် ဖမ်းဆီးထားသော ယာဉ်မောင်းမှာ ကလေးငယ်ကိုယ်တိုင် လက်ညိုးထိုးသော “ကိုကို” ဟု ရဲဗိုလ်ချုပ် ပြော

နေပြည်တော်၊ ဇူလိုင် ၅ – Wisdom Hill မူကြိုကျောင်းဖြစ်စဉ်တွင် ဖမ်းဆီးထားသော ယာဉ်မောင်းမှာ ကလေးငယ်ကိုယ်တိုင် လက်ညိုးထိုးသော “ကိုကို” ဟု ရဲဗိုလ်ချုပ် အောင်နိုင်သူက ပြောသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သော သမ္မတရုံး သတင်းထုတ်ပြန်ခြင်းအခမ်းအနားတွင် ရဲဗိုလ်ချုပ်အောင်နိုင်သူ က ပြောခဲ့ခြင်းဖြစ်သည်။ ကလေးကိုယ်တိုင်က အဆိုပါ ဒါရိုက်ဘာကို ကိုကိုဟု လက်ညှိုးထိုးကြောင်း ၊ ယင်းအပြင် ကလေးငယ်က ဒီထဲကို နှိုက်ပါတယ်ဟု ပြောကြောင်း ၎င်းကဆိုသည်။

အသက် ၃၀ လောက်အရွယ် အမျိုးသားကို ကလေးငယ်က ကိုကိုဟုခေါ်သည့်ကိစ္စနှင့်ပတ်သက်၍လည်း ရဲဗိုလ်ချုပ်အောင်နိုင်သူက “သူ့အဖေလောက်အရွယ်တွေကိုလည်း ကိုကိုခေါ်ပါတယ် ” ဟု ဆိုသည်။

 

 

အမှုနှင့်ပတ်သက်၍ ဒါရိုက်ဘာကို ဖမ်းထားမှုအပေါ် “သက်သေအထောက်အထားတွေကခိုင်မာမှုရှိသလို၊ သူသည် ထောင် ၇ နှစ်ကျထားသူဖြစ်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာသူဖြစ်တယ်။ ဒီလူမှာ ဒီအချက်အလက်တွေတွေ့နေတယ်။ နစ်နာသူက သူပါလို့စွပ်စွဲနေတယ်။ ဒီဟာကိုမလုပ်ဘဲထားမယ်ဆို ကျနော်တို့ကိုခင်ဗျားတို့ ဘယ်လိုသုံးသပ်မလဲ” ဟု ၎င်းကဆိုသည်။

အဆိုပါအမှုတွင် ဒါရိုက်ဘာကို ပထမတစ်ကြိမ်ပြန်လွှတ်လိုက်ခြင်းနှင့်ပတ်သက်၍လည်း သက်သေအထောက်အထားအချက်အလက်များ မရသေးသည့်အတွက် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကျောင်းကြီးကြပ်ရေးမှူး သား ၂ ဦး နှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့မှာလည်း နစ်နာသူသာဖြစ်ကြောင်း ဆိုသည်။

အခင်းဖြစ်ပွားသောကျောင်းခန်းထဲတွင် CCTV မရှိကြောင်း၊ သို့သော် မူကြိုကျောင်းအ၀င်အထွက်ကိုမြင်ရသည့် CCTV ကိုစစ်ဆေးချက်အရ ကျောင်းအတွင်းသို့ အမျိုးသားဝင်ရောက်မှုတစ်ဦးသာရှိပြီး၊ ယခုဖမ်းဆီးထားသောဒါရိုက်ဘာသာဖြစ်ကြောင်း၊ ကလေးငယ်ဝတ်ထားသည့်ဘောင်းဘီကို အမေဖြစ်သူက ရေထဲစိမ်လိုက်သည့်အတွက် DNA စစ်၍မရတော့ကြောင်း ၎င်းကပြောသည်။

ကလေးငယ်၏ အင်္ဂါကို လက်ဖြင့်နှိုက်သွားခြင်းဖြစ်ပြီး သုတ်ပိုးတွေ့ရှိရခြင်းနှင့်ပတ်သက်၍လည်း ကျူးလွန်သူသည် လက်ဖြင့် ၎င်းတန်ဆာကို ကိုင်ဆောင်ပြီး ကလေးငယ်ကို ကိုင်စဉ်ပါသွားခြင်းဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။

Wisdom Hill ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းရှိ ကျောင်းအုပ်ဆရာမကားမောင်းသူ အောင်ကြီး ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်။ ယင်းအပေါ် မယုံကြည်ကြောင်း ပြည်သူလူထုကဝေဖန်နေကြခြင်းဖြစ်သည်။

Khit Thit Media
လေးစားစွာဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.