ကွယ်လွန်သူသရုပ်ဆောင် ဦးအောင်ဇော် ကို ရည်စူးပြီး သားဖြစ်သူစူးရှက သြဂုတ်လ(၄)ရက်နေ့က သာသနာ့ဘောင်ဝင်ခဲ့ပါတယ်။ ဖခင်အတွက် သူလုပ်ပေးနိုင်တဲ့ ကောင်းမှုကုသိုလ်လေးကိုပြုလုပ်ပေးခဲ့တာဘဲ ဖြစ်ပါတယ်။ သူဟာ ရဟန်းဘ၀ နဲ့ ၅ရက်ခန့် တရားအားထုတ်မှာဖြစ်တယ်လို့လဲ သိရပါတယ်။ သရုပ်ဆောင် ဦးအောင်ဇော်ဟာ ဇူလိုင်လ (၂၁)ရက်နေ့ ညကရုတ်တရက်ကွယ်လွန် သွားခဲ့ပြီး သားဖြစ်သူ စူးရှက ယခုချိန်ထိ မယုံနိုင်လောက်အောင်ကို ဖြစ်နေခဲ့ ပါတယ်။
ဦးအောင်ဇော်က သားဖြစ်သူကို အရမ်းချစ်ပြီး အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်စေချင်ခဲ့တာပါ။ စူးရှကတော့ ဗီဒီယို ရုပ်ရှင်ဇာတ်ကားတွေ များစွာရိုက်ကူးခဲ့ပြီး ယခုနောက်ပိုင်မှာတော့ ဖခင်ဖြစ်သူနဲ့အတူ အိမ်စီးပွားရေးကိုဘဲ ၀ိုင်းဝန်းလုပ်ကိုင်ပေးနေခဲ့ပါတယ်။ စူးရှဟာ ဖခင်ဖြစ်သူရဲ့ ရုတ်တရက်ခွဲခွာသွားမှုကြောင့် အရမ်းကို ယူကြုံးမရဖြစ်ခဲ့ရကာ တော်တော်လေးကို ကြေကွဲစွာခံစားနေရရှာပါတယ်။
ယခုအချိန်မှာတော့ သူဟာ ဖခင်ဖြစ်သူကို ရည်စူးကာ ကုသိုလ်ပြုတဲ့အနေနဲ့ သာသနာ့ဘောင်ဝင်ခဲ့ပါတယ်။ ဦးအောင်ဇော်ဟာ ဇူလိုင်လ(၂၁)ရက်နေ့က ကွယ်လွန်ခဲ့ပြီး ဇူလိုင်လ(၂၃)ရက်နေ့မှာတော့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို မီးသဂြိင်္ိုလ်ကာ အရိုးပြာအိုးကို ဂူသွင်း ပေးခဲ့တာဖြစ်ပါတယ်။
စူးရှရဲ့စိတ်မကောင်းစရာကောင်းလှတဲ့ ရဟန်းခံပွဲ ဗီဒီိယိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ စိတ်မကောင်းစရာကောင်းတယ် ဆိုပေမယ့် စူးရှ ရဲ့ ကုသိုလ်ကောင်မှု အတွက် သာဓုခေါ်ပေးလိုက် ကြပါဦးနော် ။
စူးရှ ရဟန်းခံ ဗီဒီယို
စူးရှ ရဟန်းခံ ဗီဒီယို
စူးရှ ရဟန်းခံ ဗီဒီယို
ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်နော်။
Source – Kim Junn၊ Sue Sha
ခရက်ဒစ် မိုမိုလေး