ဖခင်ရဲ့ ခြေရာနင်းဖို့ အနုပညာလောကထဲ ခြေချလိုက်တဲ့ ဒွေး ရဲ့ သမီး

Posted on

 

ပရိသတ်ကြီးရေ နှစ်ပေါင်းများစွာ အခုအချိန်ထိ မေ့မရနိုင်ကြသေးတဲ့ အနုပညာရှင်တွေထဲမှာ ဒွေး လည်း အပါအဝင်ပါ ။ ကိုသားကြီးတစ်ယောက် သရုပ်ဆောင်လောကမှာ အောင်မြင်မှုမှတ်တိုင်တွေမြောက်မြားစွာကို ထူထောင်ပြီး ရုတ်တရက်ထွက်ခွာသွားခဲ့တာပါ ။

ဒီကနေ့မှာတော့ ကိုသားကြီး ရဲ့ ကိုယ်ပွားလေးတစ်စုံ အနုပညာလောက ကို ခြေချတော့မယ်လို့သိရတာပါ ။ သရုပ်ဆောင် ဒွေး ရဲ့ သမီးလေး ဆည်းလည်း တစ်ယောက်ဦးလေးဖြစ်သူ ဒါရိုက်တာ သားညီ ရိုက်ကူးမယ့် “…အခြားမဲ့ ၌” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်တော့မယ် လို့ ဆိုပါတယ်။ ဆည်းလည်းလေးဟာ ဒွေးကိုယ်တိုင်မွေးစားခဲ့တဲ့ သမီးလေးပါ ။

“…အခြားမဲ့ ၌” လို့ အမည်ရှိတဲ့ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ သားညီ က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် မင်းသူ၊ ညီနန္ဒ၊ နေဒွေး၊ ညီထွဋ်ခေါင်၊ ခင်ဇာခြည်ကျော်၊ လှမျိုးသဉ္ဇာနွယ်၊ ဆည်းလည်း နှင့် အခြား အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဆည်းလည်းလေးကတော့ အဖေ့ခြေရာကိုနင်းဖို့ အနုပညာလောကထဲကို ရောက်ရှိလာပါပြီ ။ ဆည်းလည်းလေးအတွက် အားပေးစကားလေးတွေ မှတ်ချက်ပေးခဲ့ကြပါဦး ။
Source – Myanmar Celebirity
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.