ပွဲတော်တွေကဆက်တိုက်ဖြစ်နေတော့ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်တွေပိုရှုပ်တော့မယ့်အကြောင်းကို ပြောလာတဲ့ ချစ်သုဝေ

Posted on

နိုင်ငံကျော် သရုပ်ဆောင်နှင့်အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေ တို့ မောင်နှံနှစ်ဦးက အားပေးသူပရိသတ်အခိုင်အမာနဲ့ အချိန်ကြာကြာ ရပ်တည်နေနိုင်တဲ့ အနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ မောင်နှံနှစ်ဦးကတော့ သူတို့ချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း တစ်ဖက်မှာလည်း အများသူငါ အကျိုးရှိစေမယ့် ပရဟိတအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။ လက်ရှိမှာလည်း ဇနီးမောင်နှံနှစ်ယောက်စလုံးက ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူတူ အလှူရှင်တွေနဲ့ စုပေါင်းပြီး ကိုဗစ်တိုက်ဖျက်ရေးအတွက် လုပ်ငန်းစဉ်တွေကို တက်တက်ကြွကြွပါဝင်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပွဲလမ်းသဘင်အခမ်းအနားတွေ ဆက်တိုက်ဖြစ်လာပြီး ပြည်သူတွေကလည်း ရောဂါကိုမကြောက်တော့တာနဲ့ ပက်သတ်ပြီး ချစ်သုဝေကလည်း “ပွဲတော်တွေကဆက်တိုက်ဆိုတော့ရင်တွေပူလာလို့ …အဲ..ဟုတ်ပါဘူး..ကျန်းမာရေးဝန်ထမ်းတွေလည်း တအားတွေဆက်လုပ်ကြရမယ် အလှူလုပ်ဝိုင်းကူသူတွေလည်း မမောမပမ်းဆက်ကူကြရတော့မယ်.. ကုသိုလ်ရေးတွေကို တွေးပြီး ပျော် လာလို့..ရေခဲမုန့် လုပ်စားပစ်လိုက်တယ်။ ဒီတခါစမ်းသပ်လုပ်လိုက်တာကတော့ BLUEBERRY YOGURT icecreamပါ😎” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ချစ်သုဝေကတော့ ပွဲတော်တွေက ကျန်းမာရေးဝန်ထမ်းတွေ အလုပ်တွေပိုရှုပ်တော့မှာမို့ အလှူရှင်တွေလည်း ပိုပြီးကုသိုလ်ရတော့မယ်ဆိုပြီး ခနဲ့တဲ့တဲ့ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချိန်ခဏလေးအတွင်းမှာ သည်းခံပြီး အိမ်ထဲမှာသာနေကြပါနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb

zawgyi




Source: Chit Thu Wai’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.