ပွဲအခမ်းအနား တွေတက်ရောက်ခြင်းကို ခေတ္တရပ်နားတော့မယ့် Song Joong Ki

ဇွန်လ (၂၇) ရက်အစောပိုင်းမှာ Song Joong Ki ဟာ သူ့ရဲ့ဇနီးဖြစ်သူ Song Hye Kyo နဲ့ (၁)နှစ်ခွဲကြာ လက်တွဲလာခဲ့ပြီးနောက်မှာတော့ ကွာရှင်းတောာ့မှာဖြစ်တဲ့အကြောင်း အတည်ပြုထုတ်ပြန်သွားခဲ့ပါတယ်။

Song Joong Ki အနေနဲ့ ဒီကိစ္စအတွက် ပရိသတ်တွေကိုတောင်းပန်ပါကြောင်း၊ အဆင်ပြေပြေ ကွာရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက်မှာတော့ Song Hye Kyo ရဲ့အေဂျင်စီကလည်း ကွာရှင်းမယ့်သတင်းကို အတည်ပြုခဲ့ပါတယ်။

ဆက်လက်ပြီး နောက်ဆက်တွဲအနေနနဲ့ ကွာရှင်းဖို့ ထုတ်ပြန်အပြီးမှာ Song Joong Ki ဟာ လှုပ်ရှားမှုတွေကို ခေတ္တရပ်နားမှာဖြစ်တဲ့အကြောင်း Song Joong Kiရဲ့အေဂျင်စီ Blossom Entertainment က ထုတ်ပြန်ခဲ့ပါတယ်။

Song Joong Ki ဟာ ပွဲအခမ်းအနားတက်ရောက်မှုကို ပြုလုပ်တော့မှာမဟုတ်ဘဲ ရုပ်ရှင်ကိုသာအာရုံစိုက်ရိုက်ကူးတော့မယ်လို့ အေဂျင်စီကထုတ်ပြန်ခဲ့တာပါ။ “အခုလတ်တလောမှာတော့ Song Joong Ki ဟာ ပွဲအခမ်းအနားတွေကို တက်ရောက်တော့မှာ မဟုတ်ပါဘူး။

Song Joong Ki ဟာ ဇူလိုင်လအစောပိုင်းမှာ ‘Lightning Ship‘ ဇာတ်ကားကို ရိုက်ကူးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ အချိန်ဇယားထွက်လာပြီးနောက်မှာ Song Joong Ki ဟာ ‘Lightning Ship’ ကို သေချာအာရုံစိုက်သွားမှာပါ”လို့ ထုတ်ပြန်ခဲ့ပါတယ်။

Song Joong Ki ရဲ့ ပုဂ္ဂိုလ်ရေးအချိန်ဇယားအကြောင်း မေးမြန်းရာမှာတော့ အေဂျင်စီက “‘ဒါကမင်းသာားရဲ့ကိုယ်ပိုင်ဘ၀ပါ။ ဒါကြောင့် ကျွန်တော်တို့အသေးစိတ်ပြောမပြသေးနိုင်ပါဘူး။ နားလည်ပေးဖို့ မျှော်လင့်ရပါတယ်”လို့ အေဂျင်စီက ဆိုခဲ့ပါတယ်။

Ref Soompi

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.