ပျက်ပြီးသား ရည်းစားနဲ့ သူငယ်ချင်း ပြန်ဖြစ်နေသူများသည် စိတ်မနှံ့နိုင်ဟု လေ့လာတွေ့ရှိ

‘ တကယ် နှစ်နှစ်ကာကာနဲ့ ချစ်ခဲ့တဲ့ လူတစ်ယောက်ကို ပြတ်သွားတဲ့ အခါမှာ သူငယ်ချင်းလို ပြန်နေနိုင်လား ’ ဆိုတဲ့ မေးခွန်းလေးတစ်ခုနဲ့ စထားတဲ့ ဒီလေ့လာမှုကတော့ မေးခွန်း သတ်တယ်လို့ ဆိုရမှာပါပဲ . . .

တကယ်လည်း ပြတ်သွားတဲ့ အခါမှာ ကိုယ်နဲ့ ဟုတ်သည် ဖြစ်စေ ၊ မဟုတ်သည် ဖြစ်စေ ‘ သူပျော်ရင်ပြီးတာပဲ ’ ဆိုတဲ့ အချစ်တွေက တကယ်ကို ရိုဆန်တယ် ပြောရမှာ ဖြစ်ပေမယ့် လက်တွေ့မှာရော ဖြစ်နိုင်ပါ့မလား . . .

ဒီစမ်းသပ်မှုကို ပြုလုပ်ထားတဲ့ လေ့လာမှုမှာတော့ ပြတ်သွားတဲ့ ရည်းစား တစ်ယောက်ကို သူငယ်ချင်း ပုံစံနဲ့ ဆက်ရှိနေလိုသူတွေဟာ သူတိုမှာ ရုပ်ပိုင်းဆိုင်ရာအရ သူတို့ သတ်မှတ်ထားတဲ့ ချို့ယွင်းချက်တစ်ခုခု ရှိကို ရှိနေရမယ်လို့ ဆိုပါတယ် . . .

အသေးစိတ် ထပ်ပြီး လေ့လာမှုမှာတော့ ဒီလို သူငယ်ချင်း ပြန်ဖြစ်ချင်နေတာဟာ စိတ်မနှံ့တဲ့ ရောဂါလက္ခဏာ တစ်ခုခုဖြစ်တဲ့ အချက် တစ်ချက်ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ် . . .

အုက္ကလန်း တက္ကသိုလ်ရဲ့ လေ့လာသူတွေက လူပေါင်း (၈၆၁)ယောက်ကို ပြီးခဲ့တဲ့ ချစ်ရေးချစ်ရာ ကိစ္စတွေကို မေးမြန်းပြီး သူတို့အနေနဲ့ လက်ရှိမှာ EX နဲ့ ဆက်ပြီး သူငယ်ချင်း ဖြစ်မဖြစ်နဲ့ စမ်းသပ်မှု စပါတယ် . . .

ပြီးတော့ သူတို့ရဲ့ စိတ်မနှံ့သူ ဟုတ်မဟုတ် မေးလေ့ရှိတဲ့ မေးခွန်းတွေကို ထပ်မေးပါတယ် . . . သေချာသွားတာက EX နဲ့ သူငယ်ချင်း ဖြစ်နေသူတွေဟာ မေးခွန်းတွေမှာ ထိတ်လန့်စရာ ကောင်းလောက်အောင် စိတ်မနှံ့တဲ့ လက္ခဏာတွေနဲ့ ဆက်စပ်စွာ ဖြေခဲ့ပါတယ် . . .

သူတို့နေနေရတဲ့ အကြောင်းကတော့ EX တွေနဲ့ ပြတ်သွားပေမယ့် သူတို့ဟာ လိင်ကိစ္စ ၊ ငွေကြေး ၊ သိချင်တာတစ်ခုခုနဲ့ ပတ်သက်လို့ အရင်လို ရနေနိုင်တုန်းပဲလို့ အတွေးတွေ မှားပြီး လူ့ဘောင်လောကနဲ့ ဆန့်ကျင်တဲ့ စိတ်မနှံ့တဲ့ အတွေးရိုင်းတွေ ရှိနေသူတွေလို့ လေ့လာမှုက ထောက်ပြခဲ့ပါတယ် . . .

နောက်တစ်ချက်က သူတို့နောက်တစ်ယောက်နဲ့ တွဲမှာကို မလိုလားတာ ၊ သူတို့ ပျော်ရွှင်နေတာကို ၀င်စွက်ဖက်တာ တွေကအစ ပါလာပါတယ်လို့ ဆိုပါတယ် . . .

ဒါကြောင့် ပြတ်သွားလို့ အဆင် မပြေတော့ရင် သူငယ်ချင်းလို နေကြရအောင် ပြောလာတာမျိုး ၊ ငါနင်နဲ့ သူငယ်ချင်းဖြစ်ချင်တယ် ဆိုတာမျိုးဆိုရင် စိတ်မနှံ့ ရောဂါလက္ခဏာ ရှိသူ ဖြစ်နေနိုင်ကြောင်း ၊ ရည်းစားဟောင်းတွေကို သူငယ်ချင်းလို လက်မခံဖို့ ပရိသတ်ကြီးကို သတိပေးလိုက်ရပါတယ် . . .

Myanmarnote

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.