ပံ့သကူပစ်ဖို့ အပြင်ထွက်ရင်း အံ့သြလောက်စရာမြင်ကွင်းကို မြင်တွေ့ခဲ့ရတဲ့ နန္ဒာလှိုင်

Posted on




ပံ့သကူပစ်ဖို့ အပြင်ထွက်ရင်း အံ့သြလောက်စရာမြင်ကွင်းကို မြင်တွေ့ခဲ့ရတဲ့ နန္ဒာလှိုင်


Unicode

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချော နန္ဒာလှိုင်ကတော့ တစ်ချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့ပြီး အကယ်ဒမီဆုကြီး (၂) ဆုရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ကတော့ ဒုတိယမြောက် အကယ်ဒမီဆုကြီးရရှိခဲ့ပြီး (၂) နှစ်အကြာမှာ လက်ထပ်ခဲ့ပြီးနောက် အနုပညာအလုပ်တွေနဲ့ လုံးဝအဆက်အသွယ် ပြတ်တောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ နန္ဒာလှိုင်တစ်ယောက် အနုပညာအလုပ်တွေမလုပ်ပေမယ့် အရင်အတိုင်း ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ ပြီးခဲ့တဲ့လပိုင်းအတွင်းက သူမတို့မိသားစုအတွင်းမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် နေအိမ်မှာပဲ နေထိုင်ခဲ့တာ လနဲ့ချီပြီးရှိခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ (၂၉) ရက်နေ့မှာတော့ နန္ဒာလှိုင်က ပံ့သကူပစ်ဖို့ အပြင်ထွက်ရင်း အံ့သြလောက်စရာမြင်ကွင်းကို မြင်တွေ့ခဲ့ရကြောင်း အခုလိုပဲ ပြောလာပါတယ်။ “အပြင်မထွက်ဖြစ်တာကြာပေါ့။ ပံ့သကူပစ်လို့ညဘက်အပြင်ထွက်တာ များလိုက်တဲ့လူတွေ လေညှင်းခံနေတဲ့လူတွေလမ်းလျှေက်နေတဲ့လူတွေလေ့ကျင့်ခန်းလုပ်နေတဲ့လူတွေ၊ တာတီတူးနေကြတဲ့လူတွေ များသမှအများကြီး mask တွေလဲမတပ်ကြဘူး။ သတိထားကြပါကွယ်” ဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ ရောဂါပိုးတွေ ပျံ့နှံ့နေတဲ့ကြားထဲကမှ Mask မတပ်ပဲ အပြင်ထွက် လျှောက်လည်နေကြတဲ့သူတွေကိုကြည့်ပြီး အံ့သြခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုလိုအချိန်အခါမျိုးမှာ အပျော်အပါးတွေကို လျှော့ပြီး အိမ်ထဲမှာပဲ နေကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nandar Hlaing’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.