“ပဲခူးမြို့ရဲ့ ဈေးမှာ အကာအကွယ်တွေ မသုံးဘဲ ပေါ့ဆနေမှုတွေကို ချပြလာတဲ့ နေမင်း”
ယူနီကုဒ်ဖြင့်ဖတ်ရန်
မင်းသားနေမင်းကတော့ ကျရာဇာတ်ရုပ်တွေကို ပီပြင်စွာ ထပ်တူကျအောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်လို့ ဆိုရမှာပါ..။ သူရဲ့ ယောက်ျားပီသတဲ့ သွင်ပြင်တွေကြောင့် မိန်းခလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခံနေရတဲ့ လူပျိုကြီး စာရင်းဝင် မင်းသားတစ်လက်ပဲဖြစ်ပါတယ်..။ သူကတော့ မျက်နှာကိုပြုပြင်ခွဲစိတ်ပြီးနောက်ပိုင်း ပိုပြီးတော့ ကြည့်ကောင်းလာပါတယ်..။ ဦးနိုင်ကြီးလို့ နေမင်းရဲ့ We Love လေးတွေက ချစ်စနိုးလေးခေါ်ပါသေးတယ်..။
နေမင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း Single ဘဝနဲ့ ပျော်ရွှင်အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်နော်.။နေမင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့အတူ တရားစာလေးတွေကို တင်ပေးလေ့ရှိသူပါ..။ ဒီနေ့ မတ်လ (၂၆)ရက်နေ့မှာတော့ “ပဲခူးဈေးထဲမှာ ဒီအတိုင်းပဲ သွားလာရောင်းဝယ်နေကြတယ်ဗျာ.။ ဘာ အကာအကွယ်မှမပါဘူး.။ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ဖြစ်လျက်..” ပဲခူးမြို့ဈေးထဲက ပုံရိပ်တစ်ချို့နဲ့အတူ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
နေမင်းက နေ့စဉ် သွားလာလှုပ်ရှားရုန်းကန်မှသာ စားရမယ့် သူတွေရှိနေပေမယ့် အခုလိုမျိုး ဈေးမှာ အကာအကွယ်တွေ မသုံးဘဲ နေထိုင်သွားလာလှုပ်ရှားနေတာမျိုးကတော့ မသင့်တော်ဘူးလို့ မြင်တဲ့ သူ့ရဲ့ အမြင်လေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ ပရိသတ်ကြီးလည်း နေမင်းနဲ့ အတွေးလေး တူခဲ့ရင် မှတ်ချက်လေး ရေးပေးသွားပါဦးနော်..။
Source: Nay Min’s Facebook
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.