ပူပူ​နွေး​နွေး မိခင်​​လေး စန္ဒီမြင့်​လွင်​ကို အား​ပေးစကား​ပြောခဲ့ကြတဲ့ အနုပညာရှင်​ ​မေ​မေ​တွေ

Posted on

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၄)ရက်နေ့၊ တနင်္ဂနွေနေ့လေးမှာ သမီးဦးလေး ထရက်ရှာကို မွေးဖွားသန့်စင်ခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စန္ဒီမြင့်လွင်က သမီးလေးကို ပြုစု​စောင့်​​ရှောက်ရင်း​ စိတ်​ဖိစီးမှုတစ်​ခုနဲ့ ကြုံ​နေတဲ့အ​ကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပင်​ပန်းမှုတစ်​ချို့နဲ့ ကြုံ ​တွေ့​နေရတဲ့ ပူပူ​နွေး​နွေး မိခင်​​လေး စန္ဒီမြင့်​လွင်​​တော့ အနုပညာရှင်​ မိခင်​​တွေကလည်း အား​ပေးစကား​လေး​တွေ ​ပြောခဲ့ကြတာ ​တွေ့ရပါတယ်​။

ချစ်ပရိသတ်တွေအတွက် ပင်​ပန်းမှုတစ်​ချို့နဲ့ ကြုံ ​တွေ့​နေရတဲ့ ပူပူ​နွေး​နွေး မိခင်​​လေး စန္ဒီမြင့်​လွင်ကို အား​ပေးခဲ့တဲ့ အနုပညာရှင်​ ​မေ​မေတစ်​ချို့ရဲ့အေ​​ကြာင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

စန္ဒီမြင့်​လွင်​​က​တော့ “​ဖြေးဖြေးပညာပြကြပါဟယ်🥴” ဆိုပြီး ပင်​ပန်း​​နေတဲ့ အ​​ကြောင်းကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာပါ။ အဆိုပါ ပိုစ့်​​အောက်​မှာ​တော့ က​လေး​မေ​မေ ​တွေ ဖြစ်​တဲ့ ဆုပန်​ထွာနဲ့ ချစ်​သု​ဝေတို့က အား​ပေးစကား​လေး​တွေ ​ပြောခဲ့ကြတာ​တွေ့ရပါတယ်​။

ဆုပန်​ထွာက​တော့ “ငိုနဲ့ တိတ်တိတ်။ မပန် စိတ်ချရတဲ့သူမေးကြည့်ပေးထားပေးမယ်နော်။ ခဏစောင့်” ဆိုပြီး ချစ်​ရတဲ့ ညီမ​လေးကို ကူ​ညီနိုင်​တာ​လေး ကူညီဖို့ ​ပြောထားတာပါ။ ချစ်​သု​ဝေကလည်း “ဇာတ်လမ်းစလေပြီ😞 သည်းလေးရေ fighting!!!မေမေလည်းရှိနေတာပဲ ကိုယ့်ဘာသာလုပ်နိုင်အောင်သာကြိုးစားနော်..မမကို ဘာအကူညီလိုလို ph ဆက်” ဆိုပြီး ချစ်​ညီမ​လေးကို အား​ပေးစကား ဆိုထားတာပါ။

ချစ်​ပရိသတ်​​တွေ​လည်း အရမ်းကို ချစ်​စရာ​ကောင်းတဲ့ အနုပညာရှင်​ ​မေ​မေ​တွေရဲ့ ​နွေး​ထွေးလွန်းတဲ့ ဆက်​ဆံ​ရေးကို သ​ဘောကျရင်​ share သွားကြဖို့မ​မေ့ပါနဲ့​နော်​။

Source;Sandy Myint Lwin’s Facebook
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.