ပူပူနွေးနွေး ချစ်ဇနီးလေးရဲ့ မျက်နှာကိုကြည့်ရင်း သီချင်းဆို ဖျော်ဖြေခဲ့တဲ့ ဇွဲပြည့် ရဲ့ ဗီဒီယိုလေး

Posted on

အသံကြည်ကြည်ချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတဲ့ အဆိုတော် ဇွဲပြည့်ကို ပရိသတ်ကြီး အားလုံးသိပြီးသားဖြစ်ပါတယ်၊ သီချင်းဆိုကောင်းသလို ရုပ်ရည်လေးလည်း ချောမောတဲ့ အဆိုတော် ဇွဲပြည့်ကို လူကြီး လူငယ်မရွေးချစ်ခင် အားပေးကြတာပဲ ဖြစ်ပါတယ်။ ဇွဲပြည့်က လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုက်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

မနေ့က ဇူလိုင်လ(၁၉) ရက်နေ့ (အာဇာနည်နေ့)မှာတော့ ဇွဲပြည့်က သူ့ရဲ့ ချစ်သူကောင်မလေးနဲ့ ပြင်ဦးလွင်မြို့က မြို့တော်ခန်းမမှာ လက်ထပ်ထိမ်းမြားခဲ့ပြီပဲ ဖြစ်ပါတယ်။

မင်္ဂလာဧည့်ခံပွဲမှာ ဇွဲပြည့်က ချစ်ရတဲ့ ဇနီးချောလေးမျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ကြွရောက်လာတဲ့ ဧည့်ပရိသတ်တေီကို သီချင်းတွေနဲ့ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ ပရိသတ်တွေအတွက် ဇွဲပြည့်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပူပူနွေးနွေး ဇနီးလေး မျက်နှာကိုကြည့်ရင်း သီချင်းဆို ဖျော်ဖြေခဲ့တဲ့ ဇွဲပြည့်

ဇွဲပြည့်ကတော့ ချစ်ရတဲ့ချစ်သူလေးနဲ့ ပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို ပိုင်ဆိုင်ရပြီမို့ တော်တော်လေး ပျော်နေပုံပါပဲ။ ဇွဲပြည့်တို့ ဇနီးမောင်နှံနှစ်ယောက် ယနေ့မှစ နှစ်တစ်ရာတိုင် ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Zwe Pyae ‘s fb ;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.