ပို့စ်အောက်မှာ ဈေးလာရောင်းတဲ့ ပရိသတ်တစ်ဦးကို အထာကျကျ ချေပေးလိုက်တဲ့ စိုင်းစိုင်း

ဇူလိုင်လ (၁၅) ရက်နေ့က စိုင်းစိုင်းက မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ရဲ့ ပွဲလေးကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ မန္တလေးက မိန်းကလေးပရိသတ်များက သူတို့ချစ်တဲ့ အိုင်ဒေါကြီး လာတဲ့အတွက် အရမ်းကို ပျော်ရွှင်ခဲ့ကြပြီး အတင်းကာရော အားပေးခဲ့ကြတာကြောင့် စိုင်းစိုင်းရဲ့ လက်မှာ လက်သည်းခြစ်ရာ ထင်ခဲ့ပြီး ပွန်းသွားခဲ့ပါတယ်။

Photo : Sai Sai

စိုင်းစိုင်းက “ဒီနေ့ အမှတ်တရ လက်သည်းရှင် အမြန်ဆက်သွယ်ပါ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရွှန်းနောက်နောက်လေး ရေးသားခဲ့ပြီးနောက် သူ့ရဲ့ပို့စ်အောက်မှာ အနယ်နယ်အရပ်ရပ်က မိန်းကလေး၊ ယောကျာ်းလေးပရိသတ်များရဲ့ တစ်ယောက်တစ်ပေါက် မှတ်ချက်ပေးသံများက ဆူညံသွားခဲ့ပါတယ်။

Photo : Sai Sai

လာရောက် မှတ်ချက်ပေးကြတဲ့ ပရိသတ်များကြားထဲမှာ ပရိသတ်တစ်ဦးက “လက်သဲပိုင်ရှင်ရော လက်ပိုင်ရှင်ရော ပုံတူလေးတွေ အပ်လို့ ရပါတယ်ဗျာ လက်ရာ ကောင်း ဈေးနှုန်းချို မိုးကုတ် တွင်းထွက် ကျောက်မျက်ရတနာ တွေနဲ့ စီချယ် ထားပါတယ်ဗျာ ဘကြီးစိုင်း ဒီထက်မက အောင်မြင်ပါစေ စံရတနာလဲ ဘကြီးလို့ နိုင်ငံကျော်အာင်မြင်ရပါစေ ဗျာ” လို့ ရေးသားကာ ပန်းချီကား ရောင်းခဲ့တာကြောင့် စိုင်းစိုင်းက “ကျနော့်ပို့စ်မှာဝင်ကြော်ငြာရင် ၂၀၀၀ ကျပ် ကျပါတယ်” ဆိုပြီး အထာကျကျနဲ့ ပညာသားပါပါ ပြန်လည်ရေးသားလိုက်ပါတယ်။

Photo : Sai Sai

စိုင်းစိုင်းဟာ ပြည်သူပရိသတ်များနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတတ်သလို ရွှန်းနောက်နောက် နေတတ်၊ ပြောတတ်သူလည်း ဖြစ်တာကြောင့် မိန်းကလေးပရိသတ်များက ပိုမိုအချစ်ပိုခဲ့ရပါတယ်။ နောက်ပြီး စိုင်းစိုင်းက သူတင်တဲ့ ပို့စ်အောက်က ပရိသတ်များရဲ့မှတ်ချက်စာသားများကို ပြန်လည်ဖတ်လေ့ရှိပြီး အခုလို ချက်ချင်း ပြန်လည်တုန့်ပြန်တတ်တဲ့ သူလေးလည်း ဖြစ်ပါတယ်။

Photo : Sai Sai

Source : Sai Sai

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.