ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးကို ပရိသတ်တွေကလဲ နှစ်သက်အားပေးကြပါတယ်။ နေခြည်ဦးက အခုဆိုရင် အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးလေးတစ်ဦး ဖြစ်လို့နေပါပြီ။
အခုဆိုရင် နေခြည်ဦးရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ပုရိသ” ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ နေခြည်ဦးကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း “ပုရိသ” ရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ဖို့ စောင့်ဆိုင်းနေကြတာပဲ ဖြစ်ပါတယ်။
နေခြည်ဦးက သူမရဲ့ ပရိသတ်တွေ “ပုရိသ” ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုဖို့ ရန်ကုန်နဲ့ မန္တလေးမှာ ရုံရှင်ရုံတစ်ရုံစီ ငှါးရမ်းပေးပြီး ပရိသတ်တွေကို Surprise လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
နေခြည်ဦးက ရန်ကုန်မှာသာမကပဲ မန္တလေးက သူမရဲ့ ပရိသတ်တွေ စိတ်ကောက်ပြေဖို့ အခုလိုစီစဉ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ နေခြည်ရဲ့ Exclusive Private Screening ကိုကြည့်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို နေခြည်ဦးရဲ့ beautybynaychi page မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်နော်။
နေခြည်ဦးကတော့ သူမရဲ့ ပရိသတ်တွေအတွက် အခုလို Surprise လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးက ပရိသတ်တွေလည်း တော်တော်လေး ဝမ်းသာနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source: Nay Chi Oo’s fb
ခရက်ဒစ်