ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင်ဟာ ကာရိုက်တာမျိုးစုံနဲ့ ကျွမ်းဝင်တဲ့ ၀ါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး လူငယ်ဆန်ဆန် ကာရိုက်တာမျိုးနဲ့လည်း လိုက်ဖက်ညီတဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတာကြောင့် လူကြီးလူငယ်မရွေး သဘောကျချစ်ခင်ကြပါတယ်။
အသက်အရွယ်တစ်ခုကို ရောက်ရှိလာပြီဖြစ်တဲ့ မျိုးမျိုးခိုင်က ဘာသာရေးအလုပ်များကို ပိုမိုလုပ်ကိုင်ဖြစ်လာပြီး တိရစ္ဆာန်လေးများကိုလည်း အစာအလှူအမြဲတမ်းပြုလုပ်တတ်ပါတယ်။ ကားရိုက်ကြောင့်ဖြစ်စေ၊ အလည်အပတ်နဲ့ဖြစ်စေ ပုပ္ပါးကို ရောက်ဖြစ်တိုင်း မျောက်လေးများကို နေ့တိုင်း ငှက်ပျောသီး ကျွေးဖြစ်တယ်လို့ သိရပါတယ်။ ဒါလေးက သူမအတွက် ပုပ္ပါးရောက်တိုင်း နေ့စဉ်လှူဖြစ်တဲ့ ကုသိုလ်လေးဖြစ်ပါတယ်။
“ပုပ္ပါးကို ရောက်တိုင်း နေ့စဉ်လှူဖြစ်နေတဲ့ ကုသိုလ်လေးပါ…အဝေးကနေ လှူခိုင်းတဲ့သူတွေရှိရင်လည်း လှူပေးဖြစ်တယ်…ကိုယ်တိုင်လည်း အမြဲလှူဖြစ်ပါတယ်” ဆိုပြီး 7th Sense Creation စာမျက်နှာမှာ ရေးသားဖော်ပြပေးခဲ့ပါတယ်။
စာဖတ်ပရိသတ်ကြီးရေ မျိုးမျိုးခိုင်ရဲ့ မျောက်လေးများကို ငှက်ပျောသီး ကျွေးကာ ၀မ်းပန်းတသာ အလှူပြုလုပ်နေတဲ့ ပုံရိပ်လေးများကို မြင်တွေ့ရလို့ ထပ်တူပီတိဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ မျိုးမျိုးခိုင်ကို ချစ်သေးတယ်ဆိုရင် မှတ်ချက်မှာ ရေးခဲ့နော်။
Source : 7th Sense Creation