မြန်မာ အမျိုးသားတွေတမြတ်တနိုးဝတ်ဆင်ကြတဲ့အရာကတော့ ပုဆိုးနဲ့တိုက်ပုံ ပါ ။ တိုက်ပုံကတော့တကယ့်ကို အရေးကြီးတဲ့ ပွဲတွေမှာဆိုရင် ၀တ်ဆင်ကြတာပါ။
ဘာသာရေးဆိုင်ရာပွဲ ၊ အခမ်းအနား နဲ့ ဘုရားသွားကျောင်းတတ်တွေမှာဆိုရင်တော့ အမျိုးသားတော်တော်များများက ပုဆိုးကိုဝတ်ပြီးတက်ရောက်ကြပါ တယ် ။
တစ်ချို့ တက္ကသိုလ်ကျောင်း တွေမှာ ဆိုရင်လည်းပုဆိုးကိုပဲဝတ်ဆင်ခွင့်ပြုတာမျိုးတွေလည်း ရှိပါတယ် ။ ပုဆိုးလေးနဲ့ အပေါ်က လည်ကတုံး အကျီင်္ လေးကို ၀တ်လိုက်ရင် အရမ်းကို ခန့်ညားပြီး ကြည့်ကောင်းကြတဲ့ မြန်မာအမျိုးသား အနုပညာရှင်တွေ အများကြီး ထဲက မှ တစ်ချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
ပရိသတ်တွေ ဖြည့်စွက်ချင်တဲ့ သူတွေရှိရင်လည်း ပြောခဲ့ အုံး နော်………..
(၁၁)ဇဏ်ခီ
ပထမဆုံး အနေနနဲ့ ရွေးချယ်ပေးချင်တဲ့ မင်းသား ကတော့ ကိုဇဏ်ခီပါ။
သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ပြီး ကို ဇဏ်ခီက ဂျင်းနဲ့ အပေါ်က ရှပ်တို့နဲ့ တော်တော်လေးလိုက်ဖက်တဲ့ အနုပညာရှင်ဆိုတာကို ပရိသတ်တွေ လည်း သတိထား မိကြမှာပါ။
အနောက်တိုင်းဝတ်စုံ၊ဂျင်း နဲ့ တခြားပေါ့ပေါ့ပါးပါး ဖက်ရှင်တွေကို အ၀တ်များတာကို တွေ့ ရပါတယ်။
ဒါပေမယ့် မြန်မာအမျိုးသားဝတ်စုံဝတ်ဖို့ လိုတဲ့ ပွဲမျိုးတွေမှာ ပုဆိုးနဲ့ တိုက်ပုံ ၀တ်ရတော့လည်း အရမ်းကို ခန့်ညားပြီး ကြည့်ကောင်းနေတာကို တွေ့ရမှာပါ။
(၁၀)ဘုန်းမင်းနေလ
သရုပ်ဆောင်မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားပါ။(၂၀၁၉)မှာ ကျင်းပခဲ့တဲ့ အကယ်ဒမီ ဆုပေးပွဲမှာ ရွှေကြို အဖြစ် နဲ့ ဆောင်ရွက်ပေးခဲ့သူပါ။
အရင်တည်းကလည်း ပျိုပျိုမေတွေ ကြားမှာ ရေပန်းစားနေသူလေးပါ။ဘာဝတ်ဝတ် လိုက် ဖက်သူ ဆိုပေမယ့် ပုဆိုးလေးဝတ်လိုက်ရင်တော့ ထူးထူးခြားခြား သန့်ပြန့်ပြီး ကြည့်ကောင်းသွားတာ ကို တွေ့ရမှာပါ။
(၉)ကျော်ထက်အောင်
နောက်တစ်ယောက်ကတော့ အမြဲတမ်းမီးခဏမှိတ်ချင်တဲ့ အစ်ကိုကြီး ကိုကျော်ထက်အောင်ပါ။ Myanmar Idol ရဲ့ Host အဖြစ်နဲ့ တာဝန်ယူဆောင်ရွက်ပေးခဲ့ရာကနေ ပရိသတ်တွေ ကြားမှာ အရမ်းကို နာမည်ကြီးလာခဲ့သူပါ။အခုဆို ရင် တော့ ပရိသတ်လက်ခံအားပေးတဲ့ မင်းသားတစ်ယောက်ပါဖြစ်နေပါပြီ။
အသားခပ်ညိုညို နဲ့ အရပ် အမောင်း လည်း ရှိတဲ့ သူမို့ ပုဆိုးဝတ်လိုက်ရင် တော်တော်လေးကို လိုက်ဖက်ပြီး ကြည့်ကောင်းတာကို တွေ့ရပါတယ်။
(၈)ထက်အောင်ရှိုင်း
နောက်ထပ် ပုဆိုးလေးနဲ့ လိုက်ဖက်လွန်းတဲ့ ကိုကို ကတော့ထက်အောင်ရှိုင်းပါ။ ပါးချိုင့်လှလှလေး နဲ့ မိန်းကလေး ပရိသတ် တွေ ကို ပြုစားထားသူလေးပါ။
Tik Tok မှာဆိုရင်လည်း ထက်အောင်ရှိုင်းရဲ့ ဗီဒီယိုလေး တွေက အရမ်းကို ရေပန်းစားပါတယ်။ရုပ်ရှင်ဇာတ်ကားတွေ အများကြီးမှာလည်း ပါဝင်ထားသူပါ။(၂၀၁၉) သြဂုတ် (၈) ရက်နေ့ မှာတော့ သူပါဝင်ထားတဲ့ ပုရိသ ဆိုတဲ့ ဇာတ်ကားရုံတင်ဖို့ ရှိပါတယ်။
(၇)ပိုင်တံခွန်
နောက်တစ်ယောက်ကတော့ ပိုင်တံခွန်ပါ။အရပ်အမောင်းလဲရှိပြီး ကြည့်ကောင်း တဲ့ Body အချိုးအစားကို ပိုင် ဆိုင် ထားသူ မို့ ဘာပဲ ၀တ်ဝတ်ကြည့်ကောင်းသူပါ။
Suits တွေ ၀တ်ရင်လည်း ကြည့်ကောင်းသလို ဂျင်း နဲ့ ကျပြန် တော့ လည်း တစ်မျိုးလိုက်ဖက်နေသူပါ။ပုဆိုးလေးကို ၀တ်လိုက်ပြန်တော့လည်း Gentleman ဆန် ဆန် ကြည့် ကောင်း နေတဲ့ ပိုင်တံခွန်ပါ။
(၆)ခါရာ
ခါရာကလည်း ဘယ်လို ဖက်ရှင်မျိုးနဲ့ မဆိုလိုက်ဖက်တဲ့ Body အချိုးအစားနဲ့ မျက်နှာကို ပိုင်ဆိုင် ထားသူပါ။ဘယ်လို အ၀တ် အစားမျိုးနဲ့ မဆို လိုက်ဖက်ကြည့်ကောင်းဖို့ ဆိုတာ တကယ်တော့ မလွယ်ပါဘူး။
ကြည်လင် အေးချမ်းတဲ့ မျက်နှာ နဲ့ ကြည့်ကောင်းတဲ့ Body အချိုးအစားတွေက ပုဆိုးဝတ်ပြန်တော့လည်း ကြည့်ကောင်းနေတာပါပဲ
(၅)နိုင်းနိုင်း
နောက်တစ်ယောက်ကတော့ မြန်မာမိန်းကလေးပရိသတ်တွေ ငယ်ငယ်တည်းက Crush ခဲ့ရတဲ့ မင်းသားချောပါ။နိုင်းနို င်း ကတော့ အခုချိန်ထိကို နုပျိုပြီးကြည့်ကောင်းသူပါ။
အိမ်ထောင်ရှင် ကလေး (၄)ယောက် အဖေဆိုပေမယ့် အခုထိ မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အ၀ ရထားသူပါ။
(၄)ထွန်းကိုကို
နောက်တစ်ယောက်ကေ တာ့ Mr. Face of Myanmar ဆုရှင်ပါ။မော်ဒယ်၊မင်းသားချော ထွန်းကိုကို လည်း ပုဆိုး နဲ့ အရမ်းကို ကြည့်ကောင်းသူတစ်ယောက်ပါ။လူမှုရေးလုပ်ငန်းတွေမှာလည်း တတ်နိုင်သမျှ ပါဝင် ကူညီ ပေး နေသူတစ်ယောက်ပါ။
(၃)ထူးအောင်
နောက်တစ်ယောက် ကတော့ အမိုက်စား 6 pack abs တွေကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မင်းသားချော ထူးအောင်ပါ။ လုံးဝ Perfect ဖြစ်လွန်းတဲ့ Body အချိုးအစားမျိုးကို ပိုင်ဆိုင်ထားသူမို့ ဘာပဲ ၀တ်ဝတ် ယောက်ျားပီသပြီး ကြည့် ကောင်းနေတာ ကိုတွေ့ရပါတယ်။
မျ က်နှာကလည်း တည်တည်နဲ့ Strong ဖြစ်တဲ့ မျက်နှာမျိုးမို့ ပုဆိုးလေးနဲ့ လည် ကတုံး လေးကို ၀တ်လိုက်ရင် လုံးဝ ကြည့်ကောင်းခန့်ညားသွားတာကို တွေ့ရမှာပါ။
(၂)ဒေါင်း
မင်းသားထဲမှာ ပုဆိုးအ၀တ်များတဲ့ မင်းသားကို ပြောပါ ဆိုရင်တော့ ဒေါင်းပါ။နှင်းဆီပန်းလေးကို ပန် ထားတဲ့ ပုံလေး တွေ အွန်လိုင်းပေါ်မှာ ပျံ့လာတဲ့ အချိန်တည်းက မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ် အားပေး ၀န်း ရံ မှုကို ရခဲ့သူပါ။ဒီခေတ်မှာဆိုရင်တော့ အနုပညာရှင် အမျိုးသား တော်တော်များက ပုဆိုးသိပ် မ၀တ်ဖြစ်ကြတော့ပါဘူး။အဲ့ဒီ လူတွေ ကြား ထဲမှာ မှ ဒေါင်းကတော့ ပုဆိုးဝတ်တာများတဲ့ ရှားရှားပါးပါး မင်းသားတစ်ယောက်ပါ။
(၁) နေတိုး
ဘာဝတ်ဝတ်လိုက်ဖက်လွန်းတဲ့ အကယ်ဒမီများရှင် မင်းသား နေတိုးပါ။ သန့််ပြန့်ပြီး ကြည်လင်တဲ့ အသားအရေ ၊အရပ် အမောင်းနဲ့ ယောက်ျားပီသတဲ့ Body အချိုးအစားတို့ ကြောင့် ဘာပဲ ၀တ်ဝတ်ကြည့် ကောင်းသူပါ။ပုဆိုး နဲ့ လည် က တုံးကို ၀တ်လိုက်တဲ့ အချိန်မှာ သန့်ပြန့်ပြီး ကြည့်ကောင်းတယ် ဆိုတဲ့ အချက်ကတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး။
CRD-Auntymay
လေးစားစွာဖြင့် ခရစ်ဒက် — shwelieks