“ပိတောက်ကတဲ့ ဂီတ”ဆိုတဲ့ ရုပ်ရှင်ရိုက်ကွင်းမှာ ပရိသတ်ကို မိတ်ဆက်ပွဲလို ဧည့်မခံနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ စိုင်းစိုင်း”

Posted on

အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်အပါအ၀င်ဖြစ်တဲ့ စိုင်းစိုင်းကတော့ အဆိုတော်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဂျွန်လွင်မော်ဒယ်အေဂျင်ဆီရဲ့ မော်ဒယ်တစ်ယောက်အဖြစ် အသက်မွေးခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ ၀တ္ထုရေးတဲ့နေရာမှာလည်း ထူးချွန်တဲ့ စာရေးဆရာတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။

 

 

လက်ရှိမှာတော့ စိုင်းစိုင်းဟာဆိုရင် ကိုယ်ပိုင် Franzo Production ကို တည်ထာင်ထားတာဖြစ်ပြီးတော့ ကိုယ်ပိုင်သီချင်တွေကို ထုတ်ဝေသူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ လက်တလောမှာတော့”ပိတောက်ကတဲ့ ဂီတ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ပိုးမမှီသာနဲ့ အတူရိုက်ကူးနေတာဖြစ်ပြီးတော့ အကယ်ဒမီပိုင်ဖြိုးသုက စီနီယာတစ်ယောက်အနေနဲ့ လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပါတယ်။

 

 

ဒီဇာတ်ကားလေးကတော့ မန္တလေးကို အခြေပြုရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီးတော့ ဇာတ်ကားရိုက်ကူးနေတဲ့ အချိန်မှာ ပရိသတ်တွေအတွက် အချိန်လေးပေးဖြစ်ခဲ့တယ်ဆိုတာကို ” ဒီနေ့ရိုက်ကွင်း အမှတ်တရ ကုသိုလ်တော် ဘုရားမှာ အလုပ်ထဲစိတ်နှစ်ထားတာရယ် ကျွန်တော်တို့သရုပ်ဆောင်အလုပ်က ပတ်ဝန်းကျင်ကို တမင်မေ့ထားရတာရယ်နဲ့ ဆိုတော့ မိတ်ဆက်ပွဲ တွေ့ဆုံပွဲတွေလိုတော့ ပရိသတ်ကို ဧည့်မခံနိုင်ဘူးပေါ့ဗျာ။ဒီနေ့တော့ ခဏနားတုန်းဒီပုံလေး အမှတ်တရရိုက်ဖြစ်ပါတယ်” ဆိုပြီးတော့ စိုင်းစိုင်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားခဲ့တာကို ပရိသတ်ကြီး အတွက် မျှဝေပေးလိုက်ပါတယ်နော်။

 

Source ; Sai Sai Kham Leng
ခရက်ဒစ် Celegabar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.