ပိုင်ဇေရဲထွန်း တို့မိသားစုက အများသိစေရန် သတင်းစာမှ အသိပေး ကြေညာချက်တစ်ခု ထုတ်ပြန်

Posted on

ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် ပိုင်ဇေရဲထွန်းဟာဆိုရင် တစ်ချိန်က ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူသရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေလည်းရှိခဲ့တာကြောင့် သူ့ကို ခုအချိန်ထိချစ်ခင်အားပေးနေတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ၊၊

ပိုင်ဇေရဲထွန်းတို့ ရဲ့မိသားစုလေးက လည်းပရိသတ်တွေအားကျချစ်ခင်ရတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသွားတဲ့ အိမ်ဂရန် ပေါင်တဲ့ အိမ်တွင်းရေးပြဿနာ နဲ့ ပတ်သက်ပြီး ပိုင်ဇေရဲထွန်းတို့မိသားစုမှ သတင်းစာမှ ကြေညာချက်ထုတ်ပြန်လိုက်တဲ့အကြောင်းကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

မိဘတွေ ရဲ့အိမ်ဂရန်ပေါင်တဲ့ မိသားစုပြဿနာနဲ့ ပတ်သက်ပြီး ပိုင်ဇေရဲထွန်းတို့က လူမှုကွန်ယက်ပေါ်မှာ အရမ်းကိုနာမည်ကြီး ဂယက်ထသွားတာပဲ ဖြစ်ပါတယ်။ အိမ်ဂရန်ပေါင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း ပိုင်ဇေရဲထွန်းတို့ဘက်မှလည်း မီဒီယာပေါ်မှာ ဖြေရှင်းခဲ့သလိုဒီပြဿနာ နဲ့ ပတ်သက်ပြီး

Facebook စာမျက်နှာပေါ်မှာ သတင်းအမှားတွေ တင်တဲ့ သူတို့မိသားစုသိက္ခာကျအောင် ပြောဆိုရေးသား သူတွေကို ပိုင်ဇေရဲထွန်းတို့ဘက်က သတင်းစာမှ ကြေညာချက်ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်း တို့ဘက်မှ သူတို့မိသားစု အထင်မြင်လွဲမှားပြီး အငြင်းပွားမှုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ” ကျွန်တော် တို့အမှုနဲ့ ပတ်သက်ပြီး အင်တာနက် လူမှုကွန်ယက်စားမျက်နှာများဖြစ်သော Facebook ၊Youtube ၊Twitter၊ VK အစရှိသည်တို့တွင်ဖြစ်ရပ်မှန်ကို မသိမမေးမြန်း၊ မစုံစမ်းဘဲ ထင်ရာမြင်ရာ လူအထင်ကြီးအောင် ကိုယ်တိုင်ရေးသားခြင်း၊အကောင့်တုများဖြင့်ရေးသားခြင်း၊ Like ၊ Comment၊ Share ခြင်းများမပြုလုပ်ကြပါရန်နှင့်

ပြုလုပ်ပါက ၂၀၁၇ ခုနှစ်နိုင်ငံသားများ၏ပုဂ္ဂိုလ်ရေး ဆိုင်ရာ လွတ်လပ်မှုနဲ့ ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေး ဥပဒေပုဒ်မ- ၁၀ နဲ့ ပုဒ်မ ၁၂ တို့အရလည်းကောင်း၊ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ပုဒ်မ – ၆၆(ဃ)အရလည်းကောင်း၊ ၂၀၀၄ ခုနှစ် အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ အရလည်းကောင်း၊

တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံယူရန်အတွက် ၊ အရေးယူဆောင်ရွက်သွားမည်ဖြစ်၍ တရားတပေါင် ရင်မဆိုင်ကြရဘဲ မိသားစု နဲ့ အေးချမ်းစွာ နေထိုင်ကြရန် စေတနာကောင်းဖြင့် မွန်မြတ်စွာ သတိပေးတားမြစ်လိုက်ပါသည်” ဆိုပြီး သတင်းစာပေါ်မှာ ဖော်ပြထားပါတယ်။

တကယ်လို့ အထက်ပါ အချက်တွေကို လိုက်နာမှုမရှိပါက ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူမှာ ဖြစ်ကြောင်းကို ပိုင်ဇေရဲထွန်း တို့ဘက်မှ သတင်းစာထဲမှာအသိပေး ဖော်ပြထားတာတွေ့ရပါတယ်။

ပိုင်ဇေရဲထွန်း တို့ ဘက်မှ ကြေညာချက်ကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;ကြေးမှုံသတင်းစာ၊ momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.