ပိုင်တံခွန့်ကို တွေ့ဖို့ ရုပ်ဖျက်ပြီး ခဲ့တယ် ဆိုပြီး ပရိသတ်တွေ ပြောဆိုနေကြတဲ့ အိစိကွေး

Posted on

ချစ်ပရိသတ်ကြီးရေ ကိုရီးယားမင်းသားလေးလို ချောမောခန့်ညားတဲ့ ပိုင်တံခွန်ကတော့ အနုပညာလောကမှာအောင်မြင်တဲ့ မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မင်းသားချောလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်းသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ ကောင်မလေးတွေနဲ့တွဲရိုက်ထားတဲ့ပုံလေးတွေတင်ကာ ပရိသတ်တွေကို အမြဲစနောက်တက်တဲ့ သူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ထိုင်းနိုင်ငံက ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံကာပျော်ရွှင်နေကြတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

 

ဒီနေ့ပိုင်တံခွန်ရဲ့ ထိုင်းပရိသတ် တွေ့ဆုံပွဲမှာ အိစိကွေး နဲ့ အင်မတန် တူတဲ့ ထိုင်းပျိုဖြူလေး တစ်ယောက် ပါဝင်လာတာပါ။ အိစိကွေး မှ အိစိကွေးလို့ ပြောရလောက်အောင် တူလှတာကြောင့် ပရိသတ်တွေက အိစိကွေးရဲ့ လူမှုကွန်ရက်စာမျက်နှာအထိ သွားရောက်စနောက်နေကြတာပါ။ ပိုင်တံခွန့်ကို တွေ့ဖို့ အိစိကွေး တကယ်ရုပ်ဖျက်ခဲ့တယ် ဆိုတဲ့ပြောဆိုစနောက်မှုတွေအတွက် မှတ်ချက်ပေးခဲ့ကြပါဦး ။

Source – Paing Takhon Fan Club / Ei Sikway

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.