“ပိုင်တံခွန်နဲ့ အကြမ်းစားရိုက်ကူးထားတဲ့ Mtvသီချင်းသစ်ကို မွေးနေ့မှာ ချပြလိုက်တဲ့ ၀ါဆိုမိုးဦး”

Posted on

ဝါဆိုမိုးဦးကတော့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ၀ါဆိုမိုးဦးဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက အဆိုတော်တစ်ယောက်အနေနဲ့လည်း သီချင်းတွေကို သီဆိုနေပြီဖြစ်ပါတယ်။

ဝါဆိုမိုးဦးဟာ အဆိုတော် ဖြိုးလေးနဲ့ ခိုင်မာတဲ့ အချစ်ရေးကိုပရိသတ်တွေရှေ့ ပွင့်ပွင့်လင်းလင်း ချပြထားတာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်အ၀နဲ့ ရှေ့ဆက်နေတဲ့ ချစ်စရာအတွဲလေးလည်းဖြစ်ပါတယ်။ပရိသတ်တော်တော်များများရဲ့Idol Couple အဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ အတွဲလေးတစ်တွဲဖြစ်နေတာလည်း အမှန်ပါပဲနော်။

ဒီနေ့ဇူလိုင်လ (၂၇)ရက်နေကတော့ ၀ါဆိုမိုးဦးရဲ့ မွေးနေ့လေးပဲဖြစ်ပြီး မွေးနေ့အမှတ်တရအနေနဲ့ သူမပရိသတ်တွေအတွက် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချောလေး ပိုင်တံခွန်နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ “နင့်ရဲ့အဝေး”ဆိုတဲ့ သီချင်းအသစ်လေးကို အကြမ်းစားရိုက်ကူးထားတဲ့ Mtvတင်ဆက်မှုနဲ့အတူပရိသတ်တွေကို လက်ဆောင်ပေးလိုက်တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ၀ါဆိုရဲ့ သီချင်းလေးကို ကြည့်ရှု့ပြီး မှတ်ချက်လေးတွေရေးပေးသွားပါဦးနော်။

Source :Warso Moe Oo
ခရက်ဒစ် Cele gabar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.